၅. ၇. ၂၀၂၃
Written by Min Mahar
ယမန်နေ့နံနက်ပိုင်းက ငါန်းဇွန်မြို့နယ်တွင် ဦးခေါင်းကိုသေနတ်ဖြင့် ပစ်သ-တ်ခံထားရသည့် အမျိုးသားအလောင်းတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင်လ ၄ ရက်နေ့)မနက် ၉ နာရီ မိနစ် ၂၀ ခန့်က မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ပေါက်စိမ်းကျေးရွာ၊ မြို့သာ-မြင်းခြံသွားကားလမ်းဘေးတွင် အသက် ၅၀ ကျော်အရွယ်ရှိသော အမည်မသိအမျိုးသားတစ်ဦး သေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိသည်ဟု ဒေသခံများသတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့်သေဆုံးနေသည့်အလောင်း တွေ့ရှိရပြီး ထိုအလောင်းအား ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မြို့သာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
သေဆုံးသူသည် မည်သူမည်ဝါဆိုဖြစ်ကြောင်း ယခုထိမသိရှိသေးဘဲ ပိုင်ရှင်မဲ့အလောင်းဖြစ်နေကြောင်း ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦး ပြောပြချက်အရ သိရသည်။