၅. ၇. ၂၀၂၃
Written by Hey Mar
မွန်ပြည်နယ်၊ ပေါင်မြို့၊ ရင်းငြိမ်တောင်ကျေးရွာအနီးမှာ မော်လမြိုင်ကနေ သထုံဘက်ကို ဦးတည်မောင်းနှင်လာတဲ့ ရော်ဘာတင်ကုန်တင်ကားတစ်စီးဟာ ရထားသံလမ်းတားတံခါးကိုဝင်တိုက်ပြီး လူနေအိမ်နှစ်လုံးကြား တိုးဝင်တိုက်မိတဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ မွန်ပြည်နယ် ပေါင်မြို့အခြေစိုက် ပရဟိတအသင်းကနေ သိရပါတယ်။
ဖြစ်စဥ်က ဒီနေ့ ဇူလိုင် ၅ ရက် နေ့လည် ၁၂ နာရီကျော်အချိန်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ရင်းငြိမ်တောင်ကျေးရွာရဲ့ ရထားလမ်းကူး ညာဘက်တံခါးကို တိုက်မိခဲ့ရာက အရှိန်လွန်ကာ လမ်းဘယ်ဘက်အခြမ်းမှာရှိတဲ့ လူနေအိမ်၂လုံးကြားကို ရောက်ရှိသွားတာလို့ သိရပါတယ် ။
အဲဒီ့ဖြစ်စဥ်ကြောင့် အိမ်ထဲကလူတွေ ထိခိုက်ဒဏ်ရာရရှိမှုမရှိပေမယ့် ယာဥ်မောင်းဖြစ်သူကတော့ ကားအတွင်းညပ်နေတာကြောင့် နီးစပ်ရာ ပတ်ဝန်းကျင်နေအိမ်တွေက ဆွဲထုတ်ကူညီခဲ့ကာ ပေါင်မြို့နယ် အခြေစိုက်ပရဟိအသင်းက သူနာတင်ယာဥ်နဲ့ပဲ နီးစပ်ရာ ကျေးလက်ဆေးပေးခန်းဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။