MT News
Written by Nay Aung
ဂျာမနီအခြေစိုက် Sportswear ထုတ်လုပ်နေသော Jako ဖက်ရှင်ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းများ အပ်နှံလုပ်ကိုင်နေခြင်းကို ပြန်လည်ရုတ်သိမ်းရန် စီစဉ်နေကြောင်း သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါ Jako ကုမ္ပဏီ၏အကြီးအကဲတစ်ဦးဖြစ်သော Heiko Rumm က ရန်ကုန်မြို့ရှိ Sun Apparel အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်နေသော ဝန်ထမ်းအလုပ်သမားများအတွက် စီးပွားရေးအခက်အခဲများ ဖြစ်လာနိုင်ခြင်းကြောင့် လုပ်ငန်းများ ပြန်ရုတ်သိမ်းမည့်အစီအစဉ်ကို ခက်ခဲစွာ ဆုံးဖြတ်ချက်ချမှတ်ခဲ့ရကြောင်း၊ ပြောသည်။
၎င်းက ” ကျွန်တော်တို့ဟာ အခြေအနေတွေကို တစ်စိုက်မတ်မတ် ရှုမြင်သုံးသပ်ခဲ့တယ်။ စိန်ခေါ်မှုများရှိခဲ့ပေမယ့် အလုပ်သမားတွေကို ကူညီပံ့ပိုးပေးနိုင်ဖို့နဲ့ မိတ်ဖက်တွေနဲ့ကာလအတန်ကြာရှိနေတဲ့ ဆက်ဆံရေးကိုထိန်းသိမ်းနိုင်ဖို့ လုပ်ဆောင်ခဲ့တယ်” ဟု ပြောသည်။
ပြီးခဲ့သော ရက်ပိုင်းက Jako က အထည်ချုပ်နေသည့် Sun Apparel အထည်ချုပ်စက်ရုံမှ ဝန်ထမ်းနှစ်ဦးဆန္ဒပြရန် လှုံဆော်မှုများဖြင့် ဖမ်းဆီးခံရပြီးနောက် Jako ကုမ္ပဏီသည် မြန်မာနိုင်ငံတွင်လုပ်ငန်းများ လုပ်ကိုင်နေခြင်းကို ပြန်ရုတ်သိမ်းရန် စီစဉ်ခဲ့ခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများက မြန်မာနိုင်ငံကို ပိတ်ဆို့မှုများချမှတ်ခဲ့ရာ မြန်မာနိုင်ငံတွင်လုပ်ကိုင်နေသော ပြည်ပအခြေစိုက် ကုမ္ပဏီ၊ စီးပွားရေးလုပ်ငန်းများပြန်လည်ရုတ်သိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့အတူ နာမည်ကျော် ZARA အမှတ်တံဆိပ်ကို ထုတ်လုပ်နေသော စပိန်အခြေစိုက် ဖက်ရှင်ကုမ္ပဏီသည်လည်း မြန်မာနိုင်ငံတွင်လုပ်ငန်းများ လုပ်ကိုင်နေခြင်းကို ပြန်လည်ရုတ်သိမ်းသွားရန် စီစဉ်နေကြောင်း မကြာသေးမီက သတင်းထုတ်ပြန်ခဲ့ဖူးသည်။
မြန်မာနိုင်ငံတွင်အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက် အလုပ်သမား ၁ ဒသမ ၆ သန်းကျော်အလုပ်အကိုင်များ ဆုံးရှုံးခဲ့ပြီး အဆိုပါ အလုပ်ကိုင်ဆုံးရှုံးခဲ့သူများထဲတွင် အထည်ချုပ်အလုပ်သမား ၃ သိန်းကျော်ပါဝင်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်က ပြီးခဲ့သောနှစ်တွင် သတင်းထုတ်ပြန်ခဲ့ဖူးသည်။
Ref-ecotextile