၅. ၇. ၂၀၂၃
Written by Nay Moe
နိုင်ငံ့ဝန်ထမ်းများ၏ နေအိမ်ကို ချိပ်ပိတ်သိမ်းဆည်းမည်ဟု NUG ဩဇာခံ မြိုင်ပကဖအဖွဲ့က ခြိမ်းခြောက်ထားသည်ဟု ဒေသခံများထံမှ သိရသည်။
NUG ၏ ဩဇာခံ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် ဇွန် ၃၀ ရက်တွင် ကြေညာချက်ထုတ်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်တွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ အခြားဌာနဆိုင်ရာဝန်ထမ်းများ၏ နေအိမ်များအား မြို့ပေါ် ရပ်ကွက်များတွင် ရှိပါကဖြစ်စေ၊ ကျေးရွာများတွင်ရှိသည်ဖြစ်စေ ပြည်သူလူထုနှင့် ပူးပေါင်းခြင်းမရှိပါက အဆိုပါသူများ၏ နေအိမ်ခြံဝန်းများအား ပြည်သူဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း ချိပ်ပိတ်ခြင်းများအား ၂၀၂၃ ဇူလိုင် ၁၅ ရက်အတွင်း နောက်ဆုံးထားဆောင်ရွက်သွားမည်ဟု ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။
“ဒီဘက်မှာက PDF တွေ အားကောင်းတော့ ကျောင်းလည်း မဖွင့်နိုင်ဘူး။ အခုလည်း ဝန်ထမ်းတွေအိမ် သိမ်းမယ်ဆိုတော့ ထိတ်လန့်နေကြတာပေါ့။ သူတို့က အိမ်တင်သိမ်းတာမဟုတ်ဘဲ ရှိတာအကုန်ယူတဲ့အပြင် စိတ်မထင်ရင် မထင်သလို သ-တ်သွားပြီး “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်လုပ်ပေးတဲ့သူမို့ သ-တ်တာ” ဆိုတာနဲ့ ဘယ်သူကမှ ပြောရဲတာမဟုတ်သလို မိသားစုကတောင် သူတို့လာ ထပ်သ-တ်မှာစိုးလို့ ပြောရဲတာမဟုတ်ဘူး”ဟု ဒေသခံတစ်ဦးက ဆိုသည်။
မြိုင်မြို့နယ်အပါအဝင် ပခုက္ကူခရိုင်အတွင်းမြို့များ၊ ကျေးရွာများတွင် ကြီးစိုးနေသော PDF များကြောင့် စာသင်ကျောင်းအချို့လည်း ဖွင့်လှစ်နိုင်စွမ်းမရှိဖြစ်နေကြောင်း ဒေသခံပြည်သူများထံမှ စုံစမ်းသိရသည်။