၄. ၇. ၂၀၂၃
Written by Pan Ei
Facebook နဲ့ Instagram တို့ရဲ့ မိခင်ကုမ္ပဏီ Meta က Elon Musk ရဲ့ Twitter ကို ပြိုင်ဆိုင်ဖို့ Twitter လိုမျိုး စာသားအခြေခံ စကားပြောဆိုမှုအက်ပလီကေးရှင်း Threads ကို လာမယ့် ကြာသပတေးနေ့ကစတင်ပြီး မိတ်ဆက်သွားတော့မယ်လို့ သိရပါတယ်။
မကြာသေးမီကလည်း Meta သူဌေး Mark Zuckerberg နဲ့ Twitter ပိုင်ရှင် Elon Musk တို့ကြား ရုပ်ပိုင်းဆိုင်ရာရန်ပွဲတစ်ခုကို သဘောတူခဲ့ကြပြီး အခုအခါမှာလည်း အခြားသော ပြိုင်ဆိုင်မှုတစ်ခုအနေနဲ့ ထွက်ရှိလာတာပဲဖြစ်ပါတယ်။
Instagram နဲ့ ချိတ်ဆက်အသုံးပြုရမယ့် Threads ကို Meta က ကြာသပတေးနေ့ကနေ စတင် ဖြန့်ချိသွားမှာဖြစ်ပြီး Apple ရဲ့ App Store ကနေ ကြိုတင်မှာယူနိုင်ပေမဲ့ Andriod ရဲ့ Google Play Store မှာတော့ မရသေးဘူးလို့ သိရပါတယ်။
“Threads ဟာ ဒီနေ့ သင်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကနေ မနက်ဖြန်မှာ ခေတ်စားလာမယ့်အရာတွေအထိ အရာအားလုံးကို ဆွေးနွေးဖို့ အသိုင်းအဝိုင်းတွေ စုစည်းထားတဲ့နေရာဖြစ်ပါတယ်” လို့ App Store ရဲ့ ဖော်ပြချက်မှာ ဖော်ပြထားပြီး Twitter နဲ့ လုပ်ဆောင်ချက်တွေ အတော်လေးဆင်တဲ့ ရုပ်ပုံတွေပါ ပါရှိပါတယ်။
Threads ဟာ ခုချိန်မှာတော့ Twitter ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခု ဖြစ်နိုင်ပြီး Mark Zuckerberg က ပြဿနာပေါင်းစုံတက်နေတဲ့ Twitter ကို သုံးစွဲဖို့ မနှစ်သက်ကြတဲ့သူတွေကို ဆွဲထုတ်သွားနိုင်ဖွယ်ရှိနေပါတယ်။
Ref; Reuters; BQ Prime