MT News
Written by Hey Mar
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၁၂၀၊ ၆ ဖာလုံမှာ ဇူလိုင်လ ၁ ရက် နေ့လည် ၂ နာရီဝန်းကျင်က ယာဥ်မတော်တဆမှု ဖြစ်ပွားပြီး လူနှစ်ဦး သေဆုံးခဲ့တယ်လို့ ကမ်းမယ့်လက်များ ပရဟိတအသင်းကနေ သိရပါတယ်။
ဖြစ်စဥ်ဟာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၂၀/၆)အရောက် နေပြည်တော်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ ATRAI WAGON အမျိုးအစား မော်တော်ယာဉ်(၁)စီးဟာ လမ်းဘေးကာရံ ထားတဲ့ Guardrail တန်းနဲ့ မိုင်တိုင်တွေကို ဝင်ရောက်တိုက်မိပြီး တိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။
သတင်းအရ ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ထွက်ခွာဆောင်ရွက်ခဲ့ကာ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်မှာ ပါလာတဲ့ ကျား(၂)ဦး၊ မ(၃)ဦး စုစုပေါင်း (၅)ဦးအနက် ကျား(၁)ဦးနဲ့ မ(၁)ဦး(သေဆုံး)ခဲ့ပြီး ကျန်တဲ့ ကျား(၁)ဦး နဲ့ မ(၂)ဦး တို့မှာ ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)ရရှိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူနဲ့ လူနာတွေကို ကမ်းမယ့်လက်များ ပရဟိတအသင်းက လူနာတင်ယာဉ်နဲ့ ဖြူးဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။