၃. ၇. ၂၀၂၃
Translated by Htwe Ko Tun
နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ ဘီလာရုစ်နိုင်ငံသံရုံးအား အမည်မသိလူများက ဇူလိုင်လ ၂ ရက် နံနက် အစောပိုင်းနာရီများက အကြမ်းဖက်တိုက်ခိုက်မှုတစ်ရပ်ပြုခဲ့ကြောင်း သိရသည်။
၎င်းတို့က သံရုံးအဆောက်အအုံကို ကျောက်တုံးများဖြင့် ပစ်ပေါက်ခဲ့ကြရာ သံရုံးပြတင်းပေါက်မှန်များ ကွဲအက်ခဲ့ရသည်။ အကြမ်းဖက်တိုက်ခိုက်သူများက သံရုံးမျက်နှာစာနံရံများတွင်လည်း ၎င်းတို့၏ကြွေးကြော်သံများကို ဆေးများဖြင့်ရေးချယ်ခဲ့ကြသည်။
၎င်းတို့က ဘီလာရုစ်နိုင်ငံသမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုအား အကြမ်းဖက်သမားဟု စွပ်စွဲရေးသားခဲ့ကြသည်။
ရဲတပ်ဖွဲ့က အကြမ်းဖက်တိုက်ခိုက်သူတစ်ဦးဟု သံသယရှိရသော အသက် ၃၁ နှစ်ရှိ လူတစ်ဦးအား ဖမ်းဆီးထားကြောင်း သိရသည်။
ထိုဖြစ်စဥ်သည် ရုရှားအစိုးရကို တော်လှန်ပုန်ကန်သော ဝက်ဂ်နာတပ်ဖွဲ့နှင့် ခေါင်းဆောင်ပရီဂိုဇင်အား ဘီလာရုစ်နိုင်ငံတွင် ခိုလှုံခွင့်ပေးအပြီး ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။
Ref— World News