MT News
Written by Nay Aung
ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့သည် ဇူလိုင် ၁ ရက်နေ့က ထိုင်းနှင့် မြန်မာနယ်စပ်ဒေသတစ်လျှောက်ကို ကင်းလှည့်ချိန်အတွင်း ချင်းရိုင်ပြည်နယ် Mae Fah Luang ဒေသ Ban Hmong Kao Lang ရွာအနီးတွင် မြန်မာအမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးဝါး အက်ဥပဒေကို ချိုးဖောက်မှုဖြင့် ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာအမျိုးသမီးသည် ထိုင်းနယ်စပ်ဘက်ခြမ်းသို့ Honda Wave 110i အမျိုးအစားဆိုင်ကယ်ဖြင့် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ဆိုင်ကယ်ထဲတွင် မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိခဲ့ကြောင်း ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ပြောသည်။
၎င်း၏ ဆိုင်ကယ်တွင် တပ်ဆင်ထားသော ဆိုင်ကယ်နံပါတ်ပြားသည် တရားဝင်မှတ်ပုံတင်ထားခြင်း မရှိကြောင်း၊ အဆိုပါ မြန်မာအမျိုးသမီးနှင့်အတူ ဟီးရိုအင်း ၁၄ ဂရမ်၊ ဘိန်းဖြူ ၃၀၀၀ ဂရမ်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ပြောသည်။
ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့သည် ဖမ်းဆီးရမိသည့် အမျိုးသမီးအမည်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိခဲ့ဘဲ အသေးစိတ်စုံစမ်းစစ်ဆေးရန်အတွက် Mae Fah Luang ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဘက်ခြမ်းတွင် တိုက်ပွဲများဖြစ်ပွားလာခဲ့ပြီးနောက် ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့သည် ထိုင်းနှင့်မြန်မာနယ်စပ်ဒေသတစ်လျှောက်ကို ပုံမှန်ကင်းလှည့်မှုများ ရှိနေခဲ့သည်။ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့သည် နယ်စပ်ဒေသကို ပုံမှန်ကင်းလှည့်ချိန်အတွင်း ထိုင်းနိုင်ငံဘက်ခြမ်းသို့ မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းနေသူများအပြင် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Ref-naewna