MT News
Translated by Htwe Ko Tun
ကမ္ဘောဒီးယားနိုင်ငံ၊ မြို့တော်ဖနွမ်းပင်ရှိ ညကပွဲရုံတစ်ခုတွင် ဇူလိုင်လ ၁ ရက် ညနေပိုင်းက မီးလောင်ရာ နိုင်ငံခြားသားခုနှစ်ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံသားတစ်ဦး စုစုပေါင်း လူရှစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
မီးက ’69’ ညကပွဲရုံတွင် ညနေ ၅ နာရီခန့်အချိန် စတင်လောင်ကျွမ်းခဲ့ရာ မီးသတ်တပ်ဖွဲ့က လျင်မြန်စွာရောက် လာခဲ့သော်လည်း အဆောက်အအုံအတွင်း မီးလောင်မှု၌ ပိတ်မိနေသောလူရှစ်ဦးကိုမူ ကယ်တင်ခြင်းမပြုနိုင်ဘဲ သေဆုံးခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှု၏အကြောင်းရင်းကို စစ်ဆေးစုံစမ်းနေဆဲဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ကပြောခဲ့ပြီး မီးလောင်မှု၌သေဆုံးရသည့်နိုင်ငံခြားသားများတွင် တရုတ်နှင့် ဗီယက်နမ်နိုင်ငံသားများပါဝင်ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။
Ref-Khmer Times