MT News
Written by Peya
ရခိုင်ပြည်လွတ်မြောက်ရေးပါတီဒုတိယဥက္ကဋ္ဌအပါအဝင် ALP ပါတီဝင်သုံးဦးကို ဇူလိုင်လ ၁ ရက် နေ့လယ်ပိုင်းအချိန်တွင် AA က သ-တ်ဖြတ်လိုက်သည်ဟု ALP က ပြောသည်။
ဖြစ်စဥ်မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (Arakan Liberation Party-ALP) မှ ဒုတိယဥက္ကဋ္ဌခိုင်နီရောင်၊ ALA အမှတ် (၁၀၁) တပ်ရင်းမှ တပ်ရင်းမှူး ခိုင်ကျော်မင်းနှင့် တပ်သား ကျော်ကျော်နိုင်တို့ ၃ ဦးအား ဇူလိုင် ၁ ရက်နေ့ မွန်းလွဲချိန် ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိုခါမုန်တိုင်းကယ်ဆယ်ရေးကိစ္စများအတွက် ဥက္ကဋ္ဌရုံးမှအစည်းအဝေးပြုလုပ်၍အပြန် ရခိုင်ပြည်နယ် စစ်တွေမြို့ စစ်တွေတက္ကသိုလ်ကျောင်းရှေ့အရောက်တွင် (ULA/AA) မှ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံချောင်းမြောင်းပစ်ခတ်သ-တ်ဖြ-တ်ခြင်းခံလိုက်ရသဖြင့် ရခိုင်ပြည်နယ် ရခိုင်လူမျိုးများအတွက် တာဝန်ထမ်းဆောင်ရင်း အသက်ကိုပေးလှူသွားခဲ့ပြီဖြစ်ကြောင်း ALP က ထုတ်ပြန်ကြေညာသည်။
ရခိုင်ပြည်နယ် ရခိုင်လူမျိုးများအကျိုးအတွက် လက်နက်ကိုင်ခဲ့ကြသော အဖွဲ့အစည်းများအချင်းချင်း ကြားတွင် (ULA/AA)မှ စဉ်ဆက်မပြတ်ပြုမူခဲ့သော ဤသို့အပြုအမူမျိုးသည် အလွန်ယုတ်ညံ့သည့် မလုပ်သင့်မလုပ်အပ်သောအပြုအမူဖြစ်၍ ပြင်းထန်စွာရှုတ်ချလိုက်သည်ဟုလည်း ALP က ထုတ်ပြန်သည်။
အဆိုပါဖြစ်စဥ်နှင့် ပတ်သက်၍ MT News သတင်းဌာနက ကနဦးသတင်းဖြစ်စဥ်ကို အောက်ပါ လင့်ခ်တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။
https://m.facebook.com/story.php?story_fbid=131880029929480&id=100093224516222&mibextid=Nif5oz