၃. ၇. ၂၀၂၃
Written by Pan Ei
ပျံသန်းနိုင်တဲ့ လျှပ်စစ်ကားကို ထီထွင်ထားတဲ့ ကယ်လီဖိုးနီးယားအခြေစိုက်ကုမ္ပဏီ Alef Aeronautics က ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေး (FAA) ဆီကနေ စမ်းသပ်ပျံသန်းဖို့ အသိအမှတ်ပြုလက်မှတ်ကို ရရှိခဲ့ပြီး ဝယ်ယူဖို့အတွက် ကြိုတင်မှာယူနိုင်ပြီဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
ပျံသန်းလျှပ်စစ်ကားကို လမ်းပေါ်နဲ့ လေထဲမှာ ပျံသန်းမောင်းနှင်ဖို့ ကုမ္ပဏီကို FAA က ခွင့်ပြုပေးခဲ့တာဖြစ်ပြီး အဲ့ဒီကားဟာ အလျားလိုက်ရော ဒေါင်လိုက်ပါ ပျံတက်နိုင်မှာဖြစ်ပါတယ်။
လူနှစ်ဦးအထိ လိုက်ပါစီးနင်းနိုင်မယ့် ပျံသန်းလျှပ်စစ်ကားကို ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၃၀၀,၀၀၀ ဝန်းကျင်နဲ့ ကြိုတင်မှာယူနိုင်မှာဖြစ်သလို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ Alef က အဲ့ဒီကားကို ပထမဆုံးအနေနဲ့ ထုတ်ဖော်ပြသခဲ့ကတည်းက လူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေဆီကနေ များပြားလှတဲ့ ကြိုတင်မှာယူမှုတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ လျှပ်စစ်ကားဟာ လမ်းပေါ်မှာ မိုင် ၂၀၀ အထိမောင်းနှင်နိုင်ပြီး ဝေဟင်ထဲမှာတော့ ၁၁၀ မိုင်အထိ ပျံသန်းနိုင်မယ်လို့ ခန့်မှန်းထားကြသလို ၂၀၂၅ ခုနှစ်မှာ စတင်ရောင်းချဖို့ မျှော်လင့်ထားကြောင်း Alef ကုမ္ပဏီရဲ့ စီအီးအိုက ပြောကြားခဲ့ပါတယ်။
Ref; Business Insider