၃. ၇. ၂၀၂၃
Written by Nay Moe
၂၀၂၃ ပထမ ၆ လအတွင်း NUG ဩဇာခံ Federal Wings က Drone ပျံသန်းတိုက်ခိုက်မှု ၂၈၁ ကြိမ်နဲ့ ဗုံးသီး ၆၈၀ တပ်ဆင်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လခရ ၅၀ ခန့် ထိခိုက်သေဆုံးခဲ့သလို အများအပြားဒဏ်ရာရတယ်လို့လည်း ဒီနေ့မနက်မှာ ထုတ်ပြန်တဲ့ Federal Wings ရဲ့ ၂၀၂၃ ခုနှစ် ပထမ (၆) လတာအတွက် ပြည်သူလူထုအား အစီရင်ခံတင်ပြချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ် ပထမ (၆) လတာ တိုက်ပွဲအတွင်း Federal Wings တပ်ဖွဲ့ဝင် (၁) ဦး ထိခိုက်သေဆုံးခဲ့သလို တပ်ဖွဲ့ဝင် (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီ ဒဏ်ရာရတပ်ဖွဲ့ဝင် (၆) ဦးမှာ (၂) ဦးကတော့ ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး ကျန်တပ်ဖွဲ့ဝင် (၄) ဦးက သက်သာပျောက်ကင်းခဲ့ကြပြီဖြစ်သလို ပြန်လည်တိုက်ပွဲဝင်နေပြီပြောပါတယ်။
ဒီ့အပြင်လည်း ၂၀၂၃ ခုနှစ် ပထမ (၆) လတာကာလအတွင်း NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာ Federal Wings (၁၈၀၁) ဒရုန်းတပ်ရင်းကို တရားဝင်ဖွဲ့စည်းနိုင်ခဲ့ပြီး ပင်မအခြေပြုဒေသဖြစ်တဲ့ ကရင်ဒေသတွင်သာမက စစ်ကိုင်းတိုင်းအတွင်းမှာပါ စစ်ဆင်ရေး စတင်နိုင်ခဲ့ပြီလို့လည်း ပြောပါတယ်။