၂၆. ၆. ၂၀၂၃
Written by Naing Thuta
နေပြည်တော်ကောင်စီနယ်မြေရှိ Bar ၃ ခုကို Night club ဆန်စွာ ဖွင့်လှစ်ရောင်းချနေသည်ဟုဆိုကာ လိုင်စင်ပိတ်သိမ်းကာ ဆိုင်များပိတ်ခိုင်းထားကြောင်း မြို့ခံများပြောပြချက်အရ သိရသည်။
ပိတ်သိမ်းခိုင်းလိုက်သည့်ဆိုင်များမှာ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်၊ ဧရာဝတီလမ်းမကြီးပေါ်တွင်ဖွင့်လှစ်ထားသော ရွှေကြာပင်ရပ်ကွက်ရှိ Excellent Music Bar၊ သပြေကုန်းရပ်ကွက်ရှိ Relax Music Bar နှင့် မကြာမီဖွင့်လှစ်ရန်ရှိသည့် X-one Space Music Bar တို့အား Night Club ဆန်စွာ ဖွင့်လှစ်ရောင်းချနေသည်ဟုဆိုကာ ဇွန်လ ၂၄ ရက်နေ့မှစ၍ နေပြည်တော်ကောင်စီညွှန်ကြားချက်အရ လိုင်စင်ပိတ်သိမ်းကာ ရက်အကန့်အသတ်မရှိပိတ်လိုက်ခြင်းဖြစ်
ကြောင်း သိရသည်။
” ပြီးခဲ့တဲ့သောကြာနေ့ညထိတော့ Excellent နဲ့ Relax တို့တော့ဖွင့်သေးတယ်။ စနေနေ့(ဇွန် ၂၄ ရက်နေ့)ကစပြီး ပိတ်ခိုင်းထားတယ်လို့ ပြောသံကြားတယ်။ Night Club ဆန်ဆန်ဖွင့်ထားလို့ဆိုပြီးတော့ နေပြည်တော်ကောင်စီညွှန်ကြားချက်နဲ့ လိုင်စင်တွေသိမ်းပြီးပိတ်ခိုင်းတာလို့ဆိုတယ်”ဟု ပိတ်သိမ်းခံရသည့် Bar များနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။