၂၄. ၆. ၂၀၂၃
Translated by Htwe Ko Tun
ရုရှားနိုင်ငံ၏ တောင်ပိုင်းမြို့နှစ်မြို့ဖြစ်သော ရော့စတော့ဗ်-အွန်-ဒွန်(Rostov-on-Don) နှင့် ဗိုရိုနက်ဇ်(Voronezh) မြို့များတွင် ရုရှားကြေးစားအပျော်တန်းတပ်ဖွဲ့ Wagner က ဇွန်လ ၂၄ ရက်တွင် ပုန်ကန်ခြားနားရန် ကြံစည်ခဲ့မှုများမှာ နိုင်ငံတော်သစ္စာဖောက်မှုကို ဦးတည်နေပြီး ပြင်းထန်စွာပြစ်ဒဏ်ပေးခံရမည်ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က မိန့်ခွန်းပြောခဲ့သည်။
Wagner ကြေးစားအပျော်တန်းတပ်ဖွဲ့က အဆိုပါရုရှားမြို့နှစ်မြို့ရှိ ရုရှားစစ်တပ်အဆောက်အအုံများကို တိုက်ခိုက်ထိန်းချုပ်ထားသည်ဟုလည်း ပြောကြားခဲ့သည်။
Wagner တပ်ဖွဲ့အကြီးအကဲက ရုရှားကာကွယ်ရေးဝန်ကြီးနှင့် ထိပ်သီးဗိုလ်ချုပ်ကြီးတို့က ၎င်းအား ရော့စတော့ဗ်မြို့အတွင်းလာရောက်တွေ့ဆုံရန်နှင့် သို့မဟုတ်ပါက မြို့အားပိတ်ဆို့ကာ မော်စကိုသို့ ချီတက်မည်ဟုခြိမ်းခြောက်ခဲ့သည်။ ရော့စတော့ဗ်မြို့မှာ ရုရှားတောင်ပိုင်းစစ်တိုင်းဌာ နချုပ်ရှိရာမြို့လည်းဖြစ်သည်။
လက်ရှိတွင် မော်စကိုမြို့ပတ်ဝန်းကျင်တဝိုက် လုံခြုံရေးများအဆင့်မြှင့်ထားကာ အကြမ်းဖက်မှု တိုက်ခိုက်ချေမှုန်းရေးလှုပ်ရှားမှုများပြုလုပ်နေကြောင်း မော်စကိုမြို့တော်ဝန်က ပြောခဲ့သည်။
Ref—-CNN