MT News
Written by Nay Moe
မွန်ပြည်နယ်တွင် ယခုလအတွင်း အမျိုးသမီးတစ်ဦးအပါအဝင် လူ ခုနစ်ဦးကို သတ်ဖြတ်ထားသည်ဟုဟု ရေးဘီလူးအဖွဲ့က ယနေ့ ပြောသည်။
မွန်ပြည်နယ်တွင် အဓိကလှုပ်ရှားသည့် ရေးဘီလူးအဖွဲ့ သတ်ဖြတ်ထားသူများ၌ စစ်မှုထမ်း (၄)ဦး၊ စစ်မှူထမ်းဟောင်း ၂ ဦးနှင့် အသက် ၅၅ နှစ်အရွယ် လဝကမှူးဟောင်းတစ်ဦး၏ ဇနီးကိုလည်း သတ်ဖြတ်ထားသည်။
အဆိုပါ သတ်ဖြတ်ခံရသည့် စစ်မှူထမ်းဟောင်းနှစ်ဦးအနက်တစ်ဦးမှာ အရန်မီးသတ်တပ်ဖွဲ့ဝင်ဟောင်းကိုရဲဝင်းနိုင် ဖြစ်ပြီး ထိုသူကို ဇွန် ၂၀ ရက်တွင် ရေးဘီလူးအဖွဲ့သတ်ဖြတ်စဥ်က ကျပ် ၂ သိန်းကိုပါ လုယက်သွားခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့ကာ ရေးဘီလူးကမူ ပြည်သူ့စစ်ဖြစ်ကြောင်း လက်နက်ကို တစ်အိမ်လုံးရှာသော်လည်း မတွေ့ကြောင်းမျှသာ မီဒီယာများကို ဖြေခဲ့သည်။
အခြားတစ်ဦးမှာမူ ဇွန်လ ၂ ရက်ကသတ်ဖြတ်ခဲ့သည့် ဦးပန်းရွှေဖြစ်ပြီး ယင်းထံမှ သေနတ်တစ်လက်ရခဲ့ကြောင်းနှင့် စစ်မှုထမ်း ၄ ယောက်မှာမူ ဇွန်လ ၂၂ ရက်က ချောင်းတောင်စစ်ဆေးရေးဂိတ်မှ လခရ ၈ ဦးကို ရေးဘီလူးအဖအဖွဲ့က ဝင်ပစ်စဥ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်းနှင့် ရေးဘီလူး ဇွန်လ ၂၂ ရက်က သတ်ဖြတ်လိုက်သည့် အမျိုးသမီးမှာ ရေးမြို့တွင် နေထိုင်သည့် လမိုင်းမြို့နယ်လဝကမှူးဟောင်း၏ ဇနီး အသက် ၅၅ နှစ်အရွယ် ဒေါ်စန်းမြင့်ကြွယ်ဖြစ်သည်။
ရေးဘီလူးကဲ့သို့သော NUG, PDF, LDF များ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၆၀၀၀ ကျော် သေဆုံးထားပြီး ထိုအထဲတွင် သံဃာ၊ ကလေးသူငယ်၊ အမျိုးသမီးနှင့် နိုင်ငံ့ဝန်ထမ်း ၂၀၀၀ ကျော် ပါဝင်သည်။