၂၂. ၆. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပြီးခဲ့တဲ့ရက်ပိုင်းတွင် တာချီလိတ်မြို့ စားသောက်ဆိုင်၌ ပစ်ခတ်မှုများကျူးလွန်ခဲ့သော ထိုင်းနိုင်ငံသားကို ဖမ်းဆီးနိုင်ရန် စုံစမ်းရှာဖွေလျက်ရှိနေကြောင်း၊ အဆိုပါပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံသား ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဒဏ်ရာရခဲ့သော ထိုင်းနိုင်ငံသားသုံးဦးသည် တာချီလိတ်မြို့ရှိ အင်တာတိန်းမန့်လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ရန် လာရောက်ခဲ့သူများဖြစ်ပြီး ပစ်ခတ်မှုကျူးလွန်သောထိုင်းနိုင်ငံသားနှင့် အငြင်းပွားရန်ဖြစ်မှုများကြောင့် ဇွန်လ ၁၈ ရက်နေ့တွင် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒဏ်ရာရသူ ထိုင်းနိုင်ငံသားသုံးဦးအနက် အသက် ၂၈ နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသား၏ဒဏ်ရာသည် ပြင်းထန်ကြောင်း၊ သေနတ်သမားသည် အစားအသောက်များရောင်းချနေသော ဆိုင်ထဲသို့ လမ်းလျှောက်လာခဲ့ပြီး ပစ်ခတ်မှုများ ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ဈေးလာဝယ်သူများ ထွက်ပြေးခဲ့ရကြောင်း သိရသည်။
လက်ရှိအချိန်တွင် ပစ်ခတ်မှုကျူးလွန်သော ထိုင်းနိုင်ငံသားနှင့်ပတ်သက်ပြီး အတိအကျမသိသေးသလို ပစ်ခတ်မှုဖြစ်ပွားရသော အကြောင်းအရင်းကိုလည်း အတိအကျ မသိသေးကြောင်း သိရသည်။
မျက်မြင်သက်သေအချို့က ထိုင်းနိုင်ငံသားသည် ဆိုင်ထဲကိုဝင်ရောက်လာခဲ့ပြီးနောက် ဆိုင်ထဲဈေးလာဝယ်သူအချို့ကို သေနတ်ဖြင့် ချိန်ရွယ်မှုများရှိခဲ့ကြောင်း၊ သို့သော်လည်း ပစ်ခတ်မှုမရှိခဲ့ကြောင်း၊ သေနတ်ဖြင့်ချိန်ရွယ်သူများထဲတွင် သေနတ်သမား၏ ရန်သူမဟုတ်သောကြောင့် ပစ်ခတ်ခဲ့ခြင်းမျိုးမရှိကြောင်း ပြောသည်။
ထိုင်းသေနတ်သမားသည် ပစ်ခတ်မှုများ ကျူးလွန်ပြီးနောက် အခင်းဖြစ်ရာနေရာမှ ထွက်ပြေးသွားခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူများကို ဆေးဝါးကုသပေးနိုင်ရန်အတွက် တာချီလိတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံသားများသည် မြန်မာနိုင်ငံ တာချီလိတ်မြို့ရှိ စားသောက်ဆိုင်လုပ်ငန်းများ၊ နိုက်ကလပ်နှင့် အင်တာတိန်းမန့်လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်မှုများရှိနေခဲ့ကြောင်း သိရသည်။
Ref—thaipbsworld