၂၂.၆.၂၀၂၃
Written By Thandar
ပရိသတ်အချစ်တော် အဆိုတော် Bobby Soxer ကတော့ “ထက်က အရပ်ကပုတော့ အရမ်းကြီးဝတ်ချင်တာတွေချည်း ဇွတ်ဝတ်လိုမရဘူး။ ကိုယ်နဲ့ လိုက်ဖက်တာကိုပဲ ဝတ်ရတာပေါ့နော်” လို့ ဆိုပါတယ်။
“အဓိကက Pinterest တို့မှာ ဖက်ရှင် Blogger တွေ ဝတ်ဆင်တာကို ကြည့်ပြီး ကိုယ့်မှာရှိတာလေးနဲ့ တွဲစပ်ပြီး ဝတ်ဆင်တာများတယ်။ အရမ်းရှုပ်ရှက်ခတ်ပြီး ဆန်းပြားနေတာထက်စာရင် ကိုယ်ဝတ်တဲ့ အဝတ်အစားနဲ့ ကိုယ်နဲ့က လိုက်ဖက်မှုရှိဖို့ကိုပဲ ဦးစားပေးပါတယ်။ ထက်က အရပ်ပုတော့ အရမ်းကြီးဝတ်ချင်တာတွေချည်း ဇွတ်ဝတ်လို့မရဘူး။ ကိုယ်နဲ့ လိုက်ဖက်တာကိုပဲ ဝတ်ရတာပေါ့နော်”လို့ အဆိုတော် Bobby Soxer က ပြောပါတယ်။
သူမကတော့ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်လာရင် တခြားအနုပညာရှင်တချို့နဲ့မတူဘဲ ထူးခြားတဲ့ ဖက်ရှင်တစ်ခုအနေနဲ့ ဝတ်စုံတွေ ဝတ်ဆင်နေတာလည်း ရှိခဲ့ပါတယ်။ Bobby Soxer ရဲ့ ဖက်ရှင်တွေကိုလည်း ပရိသတ်တွေက ကြိုက်နှစ်သက် သဘော ကျလျက်ရှိကြပါတယ်။ သူမက The Turning Point အလှည့်အပြောင်း ဇာတ်ကားမှာ သရုပ်ဆောင် Tyron နဲ့အတူ ပါဝင် သရုပ်ဆောင်မှုတွေ လုပ်ဆောင်ထားသူလည်း ဖြစ်ပါတယ်။
“ထက်ကို ရိုက်ဖို့အတွက် လာကမ်းလှမ်းတော့ ဇာတ်လမ်းလေးက လူငယ်ဇာတ်လမ်းလေးဖြစ်တယ်။ ကိုယ်နဲ့ ခင်နေတဲ့ ထုတ်လုပ်ရေးကပဲ ရိုက်တာဖြစ်ပြီး ပါဝင်တဲ့သူတွေကလည်း ကိုယ်နဲ့ သူငယ်ချင်းလိုပဲ ခင်နေတဲ့ သူတွေပဲဆိုတော့ ထက်လည်းပါဝင်ပြီး ရိုက်ဖြစ်သွားတာပါ။ ဒီဇာတ်ကားရိုက်တာက ကိုယ့်အတွက် စိန်ခေါ်မှုအသစ် ဖြစ်တယ်။ လာကမ်းလှမ်းတဲ့ အပေါ်မူတည်မှာပေါ့။၊ ကိုယ်လုပ်နိုင်မယ့် ပုံစံမျိုးဆိုရင်တော့ စမ်းကြည့်လိုက်ဖို့ စဉ်းစားထားပါတယ်”လို့ သူမကဆက်ပြောပါတယ်။
သီချင်းနဲ့ပတ်သက်ပြီး အများကြီး ထပ်ထွက်လာဖို့လည်း ရှိသလို Social Media အပိုင်းနဲ့လည်း အနုပညာအလုပ်လေးတွေ ပိုလုပ်ဖြစ်လာတယ်လို့ ဆိုပါတယ်။