၂၁. ၆. ၂၀၂၃
Written by Nay Moe
မြန်မာ-ထိုင်း နယ်စပ်စည်းမျဉ်းပေါ်က တပ်စခန်းတွေ ဆုတ်ခွာပေးဖို့ ထိုင်းနိုင်ငံရဲ့ တောင်းဆိုချက်ကို လက်ခံမှာမဟုတ်ဘူးလို့ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်(UWSA)က ထုတ်ပြန်ပြောဆိုလိုက်တယ်လို့ “ဝ”သတင်းတွေ ဖော်ပြပေးနေတဲ့ Wa Channel က အခု ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက တာချီလိတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ-ထိုင်း နယ်စပ်ကော်မတီမြို့နယ်အဆင့်(TBC) အစည်းအဝေးမှာ ထိုင်းဘက်ကတက်ရောက်သူတွေက “ဝ” တပ်စခန်းငါးခုကို ဆုတ်ခွာပေးဖို့ မြန်မာအာဏာပိုင်တွေကို တောင်းဆိုခဲ့တာပါ။
“ဝ” အနေနဲ့ သူ့ရဲ့ တပ်စခန်းတွေက ထိုင်းဘက်ခြမ်းမှာ တည်ရှိနေတာမဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ နယ်နိမိတ်အတွင်းမှာသာ ရှိနေပြီး ဒီစခန်းတွေက မိမိဒေသကို မိမိကာကွယ်တာသာဖြစ်တယ်လို့ UWSA က ဆိုထားတဲ့အကြောင်းလည်း ဝချန်နယ်က ပြောပါတယ်။
ဒီ “ဝ” တပ်စခန်းတွေ ဆုတ်ခွာပေးဖို့ ထိုင်းနိုင်ငံအနေနဲ့ ဖိအားပေးစရာမဟုတ်သလို SAC ဘက်ကလည်း တောင်းဆိုစရာမရှိဘူးလို့ UWSA ရဲ့ တောင်ပိုင်းဆက်ဆံရေးရုံးတာဝန်ခံက ပြောတဲ့အကြောင်းလည်း ဝချန်နယ်က ဖော်ပြထားပါတယ်။
Ref, Wa Channel
Photo -diplomat