၂၁. ၆. ၂၀၂၂
Written by Min Mahar
ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးသည် စျေးဝယ်ရန် အိမ်ကအထွက်တွင် PDF အဖွဲ့ဝင်၂ ဦးက သေနတ်ဖြင့် ၁၁ ချက် ပစ်သတ်ခဲ့သည့်အပြင် လက်ကိုင်ဖုန်းနှင့် နှစ်သိန်းကျပ်ပါသော ပိုက်ဆံအိတ်ပါယူသွားမှု ယမန်နေ့မနက်ပိုင်းက ရေးမြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၂၀ မနက် ၉ နာရီကျော်က မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောက်မိချောင်း (တောင်)ကျေးရွာတွင် နေထိုင်သည့် အသက် ၅၉ နှစ်ခန့်ရှိသော ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးသည် စျေးဝယ်ရန်အိမ်ကအထွက်တွင် PDF အဖွဲ့ဝင်၂ ဦးက ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ၁၁ ချက်ခန့် ပစ်သ-တ်သွားသည့်အပြင် လက်ကိုင်ဖုန်းနှင့်ငွေကျပ်နှစ်သိန်းပါသော ပိုက်ဆံအိတ်ပါယူသွားခဲ့ကြောင်း သိရသည်။
အဆိုပါပစ်ခတ်မှုကြောင့် အရန်မီးသတ်တပ်ဖွဲ့ဝင်ဟောင်းသည် သေနတ်ဒဏ်ရာ ၁၁ ချက်ရရှိပြီး အခင်းဖြစ်ရာနေရာ၌ပင်ပွဲချင်းပြီး သေဆုံးသွားခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ရေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။