MT News
Written by Thettant
၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲ AFF U-19 Women’s Championship 2023 အတွက် အုပ်စုမဲခွဲပွဲကို ဇွန်လ ၁၇ ရက်က ပြုလုပ်ခဲ့ရာ မြန်မာအမျိုးသမီး ယူ-၁၉ အသင်းသည် အုပ်စု (ဂ) တွင် ထိုင်း၊ ဖိလစ်ပိုင်အသင်းတို့နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
အုပ်စု မဲခွဲမှုအရ အုပ်စု (က) တွင် အိမ်ရှင် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ တီမောအသင်းတို့ ကျရောက်နေပြီး အုပ်စု (ခ)တွင် ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ အသင်းတို့ ကျရောက်လျက်ရှိသည်။
အုပ်စုသုံးခုမှ အုပ်စု ပထမရ သုံးသင်း၊ အကောင်းဆုံး အုပ်စု ဒုတိယ တစ်သင်း၊ စုစုပေါင်း လေးသင်းမှာ ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်မည်ဖြစ်သည်။
၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ ပလမ်ဘန်းမြို့တွင် ဇူလိုင် ၅ ရက်မှ ၁၇ ရက်ထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။