၂၀. ၆. ၂၀၂၃
Translated by Htwe Ko Tun
လူမှုကွန်ရက်ကျွမ်းကျင်သူတစ်ဦးအပါအဝင် ဖိလစ်ပိုင် နိုင်ငံသား လူကုန်ကူးခံရသူသုံးဦးအား မြန်မာနိုင်ငံမှ ပြန်လည်ပို့ ဆောင်ပေးခဲ့ကြောင်း ဖိလစ်ပိုင် လူဝင်မှု ကြီးကြပ်ရေးဗျူရိုက ဇွန်လ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါသုံးဦးက ဖိလစ်ပိုင်မှ စင်ကာပူသို့ ကမ္ဘာလှည့်ခရီးသွားများအဖြစ် လွန်ခဲ့သည့် ဧပြီလတွင် ထွက်ခွာ လာခဲ့ကြခြင်းဖြစ်သည်။ သို့သော် ၎င်းတို့သုံးဦးမှာ ထိုင်းနိုင်ငံအတွင်း ဆက်သွယ်ရေးစခန်းတစ်ခုတွင် အွန်လိုင်းမှ အလုပ်သစ်ခန့်အပ်ခံခဲ့ရကြောင်း နောက်ပိုင်းတွင် ဝန်ခံခဲ့ကြသည်။ ထို့နောက်တွင်မူ ၎င်းတို့သုံးဦးမှာ ပြည်သူများကို အွန်လိုင်းတွင် လိမ်လည်လှည့်စားမှုများပြုလုပ်ရန် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ လွှဲပြောင်းခြင်း ခံခဲ့ရသည်။
၎င်းတို့အနက်တစ်ဦးမှာ အွန်လိုင်းကျွမ်းကျင်သူတစ်ယောက်ဖြစ်ခြင်းကြောင့် အွန်လိုင်းတွင် ကြည့်ရှုအသုံးပြုသူ(Subscriber) ၁၀,၀၀၀ အထိရရှိခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန မဟာမင်းကြီး နော်မန် တန်ဆင်ကိုက ပြောခဲ့သည်။
၎င်းတို့သုံးဦးမှာ အသက် ၂၀ နှစ်မှ ၃၀ နှစ်ကြားရှိကြပြီး မြန်မာနိုင်ငံမှ မနီလာမြို့သို့ ဇွန်လ ၁၅ ရက်တွင် ပြန်လည်ရောက်ရှိလာကြခြင်းလည်း ဖြစ်သည်။ တန်ဆင်ကိုက အခြားနိုင်ငံများတွင် ပင်လယ်ရပ်ခြား အလုပ်သမားများအဖြစ် လုပ်ဆောင်ရန် ဆန္ဒပြင်းပြကြသူများအနေဖြင့် မိမိနိုင်ငံမှ ကမ္ဘာလှည့်ခရီးသွားများအဖြစ်သာ ထွက်ခွာရန်အတွက် သဘောမတူကြရန် သတိပေးခဲ့သည်။
၎င်းက “မိမိနိုင်ငံကနေ ကမ္ဘာလှည့်ခရီးသွားတွေအနေနဲ့သာ စပြီးထွက်ခွာမယ်ဆိုရင် အများကြီးအားနည်းချက်တွေ ဖြစ်စေမှာပါ။ ကျွန်တော်တို့ လူကုန်ကူးသူတွေရဲ့ ဒီနည်းနဲ့လှည့်ဖြားပြီး လုပ်ဆောင်မှုသတင်းတွေ လက်ခံရရှိထားတယ်။ ဒါကြောင့် ပြည်ပမှာအလုပ်လုပ်မယ်ဆိုရင် ရွှေ့ပြောင်းအလုပ်သမားဌာနကတစ်ဆင့် ဥပဒေနဲ့အညီ တရားဝင်သွားရောက်ကြပါ” ဟုပြောခဲ့သည်။
Ref—-Philstar