MT News
Written by Hey Mar
လွိုင်ကော်-နေပြည်တော်လမ်း၊ ၁၅ ထပ်ကွေ့ အလွန် ၊ ၃၃ မိုင်ရွာတွင် အရက်အတူသောက်ရင်း စကားများရန်ဖြစ်ရာမှ ဓားနှင့်ခုတ်သဖြင့် လူရွယ်တစ်ဦး အပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း ရွှေလွိုင်ကော် ပရဟိတအသင်းမှ သိရသည်။
ဖြစ်စဥ်မှာ အရက်ဆိုင်တွင် စကားများရန်ဖြစ်ရာမှ ဦးလှဝင်းနိုင်(အသက် ၄၁ နှစ်) သည် ဦးသက်တိုးအောင် (အသက် ၂၉ နှစ်)အား ဓားဖြင့်လိုက်လံ၍ ခုတ်ရာ ခုတ်ခံရသူမှာ ညာဘက်နဖူး ပြတ်ရှဒဏ်ရာ၊ ဘယ်ဘက် နားရွက် နှင့် နားရွက်အောက်ထိ သုံးလက်မခန့် ပြတ်ရှဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ကွဲကာ ပြတ်ရှဒဏ်ရာ စသည်တို့ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်ရပ်တွင် ကျူးလွန်သူအား ရပ်ရွာလူကြီးများမှ သက်ဆိုင်ရာတာဝန်ရှိသူများထံ အပ်နှံခဲ့ကြောင်းသိရသည်။ အဆိုပါ ဓားဖြင့် ခုတ်ခံရသည့် သွေးထွက်လွန်နေသော လူနာအား ၃၃ မိုင်ရွာမှ ပေါင်းလောင်းဆေးရုံသို့လမ်းတစ်လျှောက် အောက်ဆီဂျင် အဆက်မပြတ်ပေးကာ ရွှေလွိုင်ကော် ပရဟိတအသင်း သူနာတင်ယာဥ်ဖြင့်အရေးပေါ်ပို့ဆောင် ကူညီခဲ့ကြောင်း သိရသည်။