၁၄. ၆. ၂၀၂၃
Written By Thandar
The Voice Myanmar သီချင်းဆိုပြိုင်ပွဲကတစ်ဆင့် ပရိသတ်သတိထားမိလာတဲ့ တေးသံရှင် G (ခ) သက်ရတနာကျော်ဝင်းကတော့ မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းတို့အတွက် အလှူငွေ ကျပ် ၄၂ သိန်းကို နေပြည်တော်ကတစ်ဆင့် လှူဒါန်းခဲ့ပါတယ်။
ဇွန်လဆန်းပိုင်းက သူမဟာ (လူငယ်တွဲလက်များပရဟိတအသင်း) ကနေ နေပြည်တော်ကတစ်ဆင့် မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်း အလှူခရီးစဉ်အတွင်း Volunteer တွေ စားသောက်စရိတ်အပြင် စက်သုံးဆီအတွက် အလှူငွေကျပ် ၄၂ သိန်းကို လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။
မကြာခင်ရက်ပိုင်းကလည်း မိုခါမုန်တိုင်းသင့်ခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေအထိ သွားရောက်ပြီး ဆန် ၊ ဆီ ၊ အစားအသောက်တွေ လှူဒါန်းခဲ့သလို ပရဟိတတွေလည်း လုပ်ဆောင်ပေးခဲ့ပါတယ်။
တေးသံရှင် G (ခ) သက်ရတနာကျော်ဝင်းက မင်းသမီး အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်ရဲ့ တူမလေးလည်း ဖြစ်ပါတယ်။ သူမဟာ အမှန်တကယ် လိုအပ်နေတဲ့ နေရာဒေသတွေကို အလှူအတန်းတွေ ပြုလုပ်နေသလို ကိုဗစ်ကာလမှာလည်း ပရဟိတအသင်းတစ်ခုပါ တည်ထောင်ပြီး ပရဟိတတွေကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။