၁၄. ၆. ၂၀၂၃
Written By Thandar
MRTV-4 ရုပ်သံလိုင်းကတစ်ဆင့် ပရိသတ် ချစ်ခင်အားပေးမှု ရရှိလာတဲ့ မင်းသမီး ခြူးလေးဟာ ရခိုင်ပြည်နယ် လေဘေးသင့်ပြည်သူတွေအတွက် အဝတ်အထည်အသစ်တွေကို ဒီဇိုင်နာဦးမျိုးကတစ်ဆင့် လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
ရခိုင်မှာ လေဘေးသင့်သူတွေအတွက် ခြူးလေး ဆက်မလုပ်ဖြစ်ဘဲ နားထားတဲ့ Ready to wear အဝတ်အထည် ချည်ထည်အသစ်လေးတွေကို Designer ဦးမျိုးက တစ်ဆင့် လှူဒါန်းခဲ့ပါတယ်။ ဒီအချိန်မှာ ကိုယ်တတ်နိုင်တဲ့ဘက်က ခြူးလေး ပါဝင်လှူဒါန်းဖြစ်တာပါ။ အခုလို လှူဒါန်းရလို့လည်း ပီတိဖြစ်ရပါတယ် “လို့ သရုပ်ဆောင် ခြူးလေးက ပြောပါတယ်။
သူမဟာ မေလ ၁၄ ရက် မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ မုန်တိုင်းရှောင် မိဘပြည်သူတွေ စားနပ်ရိက္ခာအတွက်လည်း အလှူငွေ ကျပ် ၅၅၀၀၀၀ ပါဝင်လှူဒါန်းခဲ့သူ ဖြစ်ပါတယ်။
“ညီမလေး ခြူးလေးက ရခိုင်လေဘေးသင့်အတွက် အဝတ်အထည် ချည်ဝမ်းဆက်လေးတွေ အထည်အများကြီး လာလှူပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါ့အပြင် မုန်တိုင်းစဖြစ်တုန်းကလည်း ညီမလေး ခြူးလေးက မုန်တိုင်းရှောင်မိဘပြည်တွေအတွက်လည်း စားနပ်ရိက္ခာအတွက်လည်း အလှူငွေတွေ လှူဒါန်းခဲ့ပါတယ်။ ရေအလှူတုန်းကလည်း ထိပ်ဆုံးကပါဝင်ကူညီပေးသူပါ။ ဒီအတွက် ကျေးဇူးတင်ပါတယ်”လို့ Designer ဦးမျိုးက ပြောပါတယ်။