၁၄. ၆. ၂၀၂၃
Written By Thandar
နိုင်ငံကျော် အနုပညာရှင်များစွာ ပါဝင်မယ့် မိုခါရန်ပုံငွေ ဘောလုံးပွဲနဲ့ တေးဂီတဖျော်ဖြေပွဲကို ဇွန်လ ၁၇ ရက် မွန်းလွဲ ၂ နာရီမှာ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းမှာ လာရောက်ကြည့်ရှုအားပေးနိုင်မှာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ မိုခါမုန်တိုင်းသင့်တဲ့ ပြည်သူတွေ ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်နိုင်ဖို့အတွက် အခုလို အနုပညာရှင်တွေ အတတ်ပညာရှင်တွေနဲ့ ဘောလုံးပွဲကျင်းပတာဖြစ်ပါတယ်။ ဘောလုံးပွဲကိုတော့ ဇွန်လ ၁၆ ရက်က ပြိုင်ပွဲအတွက် မဲနှိုက်ပြီး ကျတဲ့အသင်း ၄ သင်း အချင်းချင်း ဘောလုံးကန်ကြမှာပါ။ နိုင်တဲ့အသင်းကတော့ ဇွန်လ ၁၇ ရက်နေ့မှာ ဆက်ပြိုင်ကြမှာပါ။ ဒီဘောလုံးပွဲကို ၂ ရက်လုံး တိုက်ရိုက်ထုတ်လွှင့်သွားမှာပါ။ TV က တိုက်ရိုက်ကြည့်ရှုပြီးလည်း အလှူငွေတွေ ပါဝင်လှူဒါန်းနိုင်သလို ဇွန်လ ၁၇ ရက်နေ့မှာတော့ ဘောလုံးကွင်းကို လာရောက်အားပေးရင်းနဲ့လည်း ပါဝင်လှူဒါန်းနိုင်ကြပါတယ်”လို့ ပြိုင်ပွဲဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးနေလင်းက ပြောပါတယ်။
မိုခါရန်ပုံငွေ ဘောလုံးပွဲအစီအစဥ်အနေနဲ့ ဇွန်လ ၁၆ ရက် ညနေ ၃ နာရီမှာ FOREVER FC အသင်းမှာ ကောင်းထက်ဇော်၊ အောင်ရေချမ်း၊ ကျော်ဆု၊ လင်းမြတ်၊ မာန်ဟိန်း၊ စည်သူဝင်း၊ နက္ခတ်၊ မှူးသီဟသူ၊ ရှင်မွေလ၊ မိုးသူရ၊ မင်းဘုန်းမြတ်၊ အောင်ပိုင်၊ စောမင်းရာ၊ နက်ရှိုင်းကို၊ တေဇာကျော်၊ နေဝန်း၊ မိုးကောင်းကင် အဖွဲ့နဲ့ (MOVICE FC) အသင်းမှာ နေထက်လင်း၊ သူထူးစံ၊ ကောင်းခန့်၊ မိုးယံဇွန်၊ နေဒွေး၊ ကျော်ကျော်၊ ဘုန်းလျှံ၊ သာထက်၊ မင်းခန့်ကျော်၊ အိမ်အိမ်း၊ အိစိကွေး၊ ဖိုးဉာဏ်၊ နေဇာန်၊ နေသူရိန်၊ မျက်ပြူး၊ ထက်ဦးထွဋ်၊ မိုးမာန်၊ Everest Moe အဖွဲ့တို့က ယှဥ်ပြိုင် ဆော့ကစားကြမှာဖြစ်ပါတယ်။
MUSIC FC အသင်းမှာ ထူးအယ်လင်း၊ ဆိုတေး၊ ဒီဖြိုး၊ အစ္စဏီ ၊ ညီမင်းခိုင်၊ ဝေလျှံ၊ ဥဂ္ဂါ၊ ရာဝဏ၊ ရော်ရွက်၊ မုန်ဆန်အောင်၊ သီဟ၊ သာထူးအောင်၊ နေလင်းကျော် ၊ ZG၊ ဘိုဘိုမြသိန်း၊ အောင်အောင်ဦး၊ မုန်ထွယ်အောင် အဖွဲ့နဲ့ OLD STAR FC အသင်းမှာ နေလင်းဦး၊ အောင်ကျော်ကျော်၊ မျိုးလှိုင်ဝင်း၊ ကြည်လွင်၊ တင်မြင့်အောင်၊ သန်းဝေ ၊ ကျော်မင်း၊ အေးနိုင်၊ တင်ဝင်း၊ မောင်မောင်ဌေး၊ စိုးမြတ်မင်း၊ ရန်ပိုင်၊ အောင်မျိုး၊ မောင်မောင်မြင့်၊ မြင့်ကို၊ ထွန်းကျော်၊ မိုးကျော်၊ ကျော်မျိုးဟန်၊ ဌေးလွင်၊ ယဉ်မင်းအောင် အဖွဲ့တို့က ယှဥ်ပြိုင် ဆော့ကစားကြမှာဖြစ်ပါတယ်။
အဆိုပါ ရန်ပုံငွေ တေးသီချင်းတွေ ဖျော်ဖြေတင်ဆက်မှုနဲ့ ဘောလုံး ယှဥ်ပြိုင်ဆော့ကစားမှုတွေကို ဇွန်လ ၁၆ ရက်နဲ့ ဇွန်လ ၁၇ ရက်တို့မှာ Live On MRTV Sports ၊ MRTV Famers ၊ MRTV Parliament ၊ Readers Channel နဲ့ Sky Net Sports Channel တွေက တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
ဇွန်လ ၁၇ ရက် နေ့လည် ၂ နာရီ ပွဲစဥ်အတွက် လက်မှတ် တစ်စောင်ကို ကျပ် ၃၀၀၀ နဲ့ သုဝဏ္ဏဘောလုံးကွင်း ဂိတ် (၅) ဝင်ပေါက်မှာ ဝယ်ယူကြည်ရှုအားပေးနိုင်မှာ ဖြစ်ပါတယ်။