၁၃. ၆. ၂၀၂၃
Written By Thnadar
မြန်မာ LGBT တစ်ဦးရဲ့ ပထမဆုံး ပွဲဦးထွက်”စိန်တစ်ပြည့်သိင်္ဂီ” ဇာတ်လမ်းတွဲ စာနယ်ဇင်း မိတ်ဆက်ပွဲကို ဇွန်လ ၁၃ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ အလုံမြို့နယ်ရှိ Zealax Hotel မှာ ကျင်းပခဲ့ပါတယ်။
“ဒီကားထဲမှာ မကြီးကို တောသူပုံစံတစ်မျိုး၊ မြို့သူပုံစံတစ်မျိုး မြင်ရမယ်။ ဖြစ်ရပ်မှန်တော့ မဟုတ်ပါဘူး။ ဒီကားက ဒါရိုက်တာပြည်ဟိန်းသီဟ ရေးထားတဲ့ ဇာတ်ပါ။ အပြင်မှာဆိုရင် မကြီးက သိမ်သိမ်မွေ့မွေ့နေတတ်တဲ့သူမျိုးပါ။ ခက်ထန်မာကျောတဲ့သူမျိုး မဟုတ်ဘူး။ ဒီကားထဲမှာဆိုရင် မကြီး ပုံစံက ခက်ထန်ကြမ်းတမ်းတဲ့ ပုံစံတွေ လုပ်ရတယ်။ ဇာတ်ဝင်ခန်းတချို့ဆိုရင် မကြီးအတွက် အခက်အခဲအဆုံး အပိုင်းလေးတွေလည်း ရှိတယ်။ အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားထားတယ်။ လိုအပ်ချက်ရှိရင်လည်း ဖြည့်ပြီး မေတ္တာထားပြီး ကြည့်ပေးကြပါ” လို့ Makeup Artist သရုပ်ဆောင် ခင်စန်း၀င်းကပြောပါတယ်။
ဒီမိတ်ဆက်ပွဲ အခမ်းအနားကို ဇာတ်လမ်းတွဲမှာ အထူးပါဝင် သရုပ်ဆောင်ထားတဲ့ မိတ်ကပ် အလှဖန်တီးပညာရှင် သရုပ်ဆောင် ခင်စန်းဝင်း၊ သရုပ်ဆောင် မင်းအာကာ၊ ဝိုင်းချစ်၊ ပန်းသီးနဲ့အတူ Fashion Designer များနဲ့ ဟာသအနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။
အဆိုပါ ဇာတ်လမ်းတွဲက ပရိသတ် မြင်တွေ့နေကြ ဇာတ်လမ်းတွဲပုံစံမျိုးနဲ့ မတူညီဘဲမြန်မာနိုင်ငံရဲ့ LGBT တစ်ဦး အထူးပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး မိတ်ကပ်ပညာရှင် သရုပ်ဆောင် ခင်စန်း၀င်းက အထူးသရုပ်ဆောင်မှုတွေကို အပိုင်း ၂၀ ပါ၀င်မယ့် ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။
“စိန်တစ်ပြည်သီင်္ဂီ” ဇာတ်လမ်းတွဲကို ဇွန် ၃၀ ရက်က စတင်ပြီး အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ Fortune TV မှာ ပြသသွားမှာဖြစ်ပါတယ်။
မိတ်ကပ်ပညာရှင် ခင်စန်းဝင်းကတော့ “မကြီးစန်းနှင့် ချစ်သူများ”၊ “ကျားကျား ကြိုက်ကြိုက်” အစရှိတဲ့ ဇာတ်ကားတွေပါဝင် သရုပ်ဆောင်ထားခဲ့ပြီး Gender Woman ရုပ်ရှင်ဇာတ်ကားကိုလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။