MT News
Photo & Writer – Nanda Kyawswar (Thaton)
သထုံမြို့မှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် ဇွန်လ ၁၁ ရက် နေ့လယ် ၁ နာရီခွဲအချိန်ခန့်က သထုံမြို့၊ ရွှေစာရံစေတီတော်အနောက်တောင်ဘက် စနေထောင့်မှာရှိတဲ့ ဗောဓိညောင်ကိုင်းကျိုးကျမှုဖြစ်ပွားခဲ့တာကြောင့် ဗောဓိညောင်ပင်နဲ့ နေလဘုရားရှေ့က ၂၅ ပေအမြင့်ရှိတဲ့ စေတီငယ်တစ်ဆူ ထီးတော်ပျက်စီးပြီး စေတီတော်လုံးပတ်နဲ့အောက်ခြေအင်္ဂတေကွာကျတာ၊ သာသနာ့ရောင်ခြည် ၀တ်အသင်းဓမ္မာရုံ အရှေ့ဘက် သွပ်အမိုးတွေပျက်စီးခဲ့တာအပြင် အနောက်ဘက်ခြမ်း အုတ်တံတိုင်းမှာလည်း သံပန်း ၃ ခန်းလောက် ပျက်စီးခဲ့ပါတယ်။
သစ်ကိုင်းဟာ မီးကြိုးပေါ်ကို ပိမိခဲ့တာကြောင့် မီးတိုင် (၁)တိုင် ကျိုးကျခဲ့တာကြောင့် လျှပ်စစ်မီးပြတ်တောက်ခဲ့သလို ဒီလိုမျိုး ဗောဓိညောင်ပင်ကျိုးကျတဲ့နေရာကို သထုံမြို့နယ်မီးသတ်ဖွဲ့နဲ့ စည်ပင်သာယာရေးအဖွဲ့တွေ ပရဟိတအသင်းတွေက ရှင်းလင်းဆောင်ရွက်နေပြီး လျှပ်စစ်မီးအမြန်ရရှိရေးအတွက်လည်း လျှပ်စစ်၀န်ထမ်းတွေက ပြုပြင်ဆောင်ရွက်ပေးနေကြတယ်လို့ သိရပါတယ်။