MT News
Written By Thandar
ပရိသတ်ချစ်ခင်မှု ရရှိလာတဲ့ သရုပ်ဆောင် စည်သူပလပ်ကျွတ်ဟာ ဇွန် ၁၂ ရက် နံနက်ပိုင်းက သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
သူဟာ အနုပညာစတင်လုပ်ဆောင်ခဲ့စဉ်က ဝေဖန်ခံရမှုမရှိခဲ့ပေမယ့် ကိုပေါ ရုပ်ရှင်ကားနဲ့ ပတ်သက်ပြီး ဝေဖန်၊ ပြောဆို၊ အပြစ်တင်ခံရတဲ့ ဝဋ်ကြွေးက လွတ်မြောက်ချင်တဲ့အတွက် အခုလို သာ့သနာဘောင်ကို ၅ရက်တာ ဝင်ရောက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
“ရဟန်းဝတ်ရခြင်းအကြောင်းရင်းက ကျွန်တော့်ရဲ့ ဝဋ်ကြွေးတွေကို ဆပ်ချင်တာပါ။ ကျွန်တော် အနုပညာလောကထဲကို စဝင်လာတုန်းက နာမည်မရှိခင်တုန်းက ပြောဆို၊ ဝေဖန်၊ အပြစ် တင်တဲ့ သူမရှိပါဘူး။ တဖြည်းဖြည်းနဲ့ နာမည်ရလာတဲ့အချိန် ကိုပေါ ရုပ်ရှင်ကား ရိုက်တဲ့အချိန် မီဒီယာပေါ်မှာ အင်တာဗျူးတွေ တက်လာတဲ့အချိန်က စပြီး ပြောဆို၊ အပြစ်တင်၊ ဝေဖန်ခံရပါတယ်။ ဒါက ကျွန်တော့်ရဲ့ ဝဋ်ကြွေးလို့ပဲ သဘောထားပါတယ်။ ပြစ်တင်ပြောဆိုတာတွေ၊ ရှုတ်ချဝေဖန်ခံရတဲ့ ဝဋ်ကြွေးတွေကို ကျေချင်တဲ့သဘောနဲ့ ရဟန်းဘောင်ကို ဝင်ခဲ့တာပါ။ ကျွန်တော်တို့တွေက ရဟန်းဘဝကို ကြီးမှ အသိသတိကပ်ပြီး ဝတ်တာဆိုလို့ စိတ်နဲ့ဖြစ်ဖြစ် ပြစ်မှားမိမှာစိုးလို့ ကြိုပြောတာပါ”လို့ သရုပ်ဆောင် စည်သူပလပ်ကျွတ်က ပြောပါတယ်။
စည်သူပလတ်ကျွတ်ဟာ ချို့တဲ့တဲ့ အနုပညာရှင်အချို့နဲ့ “ဂျမ်းတော” မိသားစုကိုလည်း ကူညီပေးခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် အခုနောက်ပိုင်းမှာလည်း ပရဟိတလုပ်ငန်းတွေကို တတ်စွမ်းသလောက် လုပ်ဆောင်နေသူလည်းဖြစ်ပါတယ်။