၁၂. ၆. ၂၀၂၃
Written by Pan Ei
လက်ရှိ နိုင်ငံတကာမှာအပြင် မြန်မာနိုင်ငံမှာပါ လူကြိုက်များနေပြီး ကြည့်ရှုနှုန်းအမြင့်ဆုံးဖြစ်ခဲ့တဲ့ “Tail of the Nine-tailed 1938” ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့တဲ့ ဇာတ်ဝင်ခန်းတွေအတွက် မင်းသမီး ဂျိုဘိုအာ ဟာ သရုပ်ဆောင်ကြေးမယူခဲ့ဘူးလို့ သိရပါတယ်။
TvN ရဲ့ “Tail of the Nine-tailed 1938” ဇာတ်လမ်းတွဲဟာ ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Tale of the Nine-tailed” ရဲ့ နောက်ဆက်တွဲဒရမ်မာဖြစ်ပြီး ပထမ ဇာတ်လမ်းတွဲမှာ ဇာတ်ဆောင် မင်းသမီးဖြစ်ခဲ့တဲ့ ဂျိုဘိုအာ ဟာ Season 2 မှာတော့ ဇာတ်ဆောင်အနေနဲ့ ပါဝင်ခဲ့ခြင်းမရှိဘဲ နောက်ကြောင်းပြန်တဲ့ ဇာတ်ဝင်ခန်းတွေမှာသာ ပါဝင်ခဲ့တာပါ။
ကြည့်ရှုသူပရိသတ်တွေက မင်းသမီး ဂျိုဘိုအာ ဇာတ်ကားထဲမှာ ပြန်ပါလာဖို့ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့ကြတာဖြစ်ပြီး ဂျိုဘိုအာရဲ့ အေဂျင်စီဖြစ်တဲ့ KeyEast က “ဒရာမာမှာ ပါဝင်လာမယ့် ဂျိုဘိုအာ က အခကြေးငွေမယူဘဲ ဒီဇာတ်ကားအပေါ် သစ္စာစောင့်သိမှုနဲ့ ချစ်ခြင်းမေတ္တာကြောင့် အခမဲ့ပါဝင်ရိုက်ကူးပေးဖို့ သဘောတူခဲ့ပါတယ်” လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
မင်းသား လီဒုံဝု၊ မင်းသား ကင်ဘမ်း နဲ့ မင်းသမီး ကင်ဆိုယွန်း စတဲ့ ထိတ်ထိတ်ကြဲ သရုပ်ဆောင်တွေ ပါဝင်ရိုက်ကူးထားတဲ့ အဆိုပါ ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းပိုင်းကို မနေ့ညက ထုတ်လွှင့်ခဲ့တာဖြစ်ပြီး အဆိုပါ အပိုင်းရဲ့ ကြည့်ရှုမှုနှုန်းဟာ တောင်ကိုရီးယား တစ်နိုင်ငံလုံးမှာ ပျမ်းမျှအတိုင်းအတာနဲ့ ၈ ရာခိုင်နှုန်းအထိ ရှိခဲ့သလို စီးရီးတစ်ခုလုံးရဲ့ ကြည့်ရှုမှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့ပြီး နိုင်ငံအတွင်း အခြားကေဘယ်ချန်နယ်တွေက အချိန်တူ ထုတ်လွှင့်တဲ့ ဇာတ်လမ်းတွဲတွေအကုန်လုံးရဲ့ ကြည့်ရှုနှုန်းတွေကိုပါ ကျော်တက်ကာ အမြင့်ဆုံးစံချိန်ကို ရရှိခဲ့ပါတယ်။
Ref; Soompi