၁၂. ၆. ၂၀၂၃
Written by Pan Ei
အိန္ဒိယနိုင်ငံမှာ မကြာသေးမီရက်ပိုင်းအတွင်းက စုံတွဲ ၂,၁၄၃ တွဲဟာ ၆ နာရီအတွင်း အပြန်အလှန် ကတိသစ္စာပြု လက်ထပ်ခဲ့ကြပြီး ဂင်းနစ်ကမ္ဘာ့စံချိန်နှစ်ခု တင်နိုင်ခဲ့ပါတယ်။
မကြာသေးမီက အိန္ဒိယစုံတွဲ ၂,၁၄၃ တွဲဟာ အိန္ဒိယနိုင်ငံ၊ ရာဂျက်စသန်မြို့မှာ အစုလိုက် အပြုံလိုက် မင်္ဂလာပွဲကျင်းပခဲ့တာဖြစ်ပြီး ၁၂ နာရီအတွင်း လက်ထပ်ပွဲပြုလုပ်တဲ့ စုံတွဲ အရေအတွက် အများဆုံးပွဲအဖြစ် ကမ္ဘာ့စံချိန်တင်ခဲ့သလို ၂၄ နာရီအတွင်း လက်ထပ် ပွဲပြုလုပ်တဲ့ စုံတွဲအရေအတွက် အများဆုံးပွဲစံချိန်ဟောင်းကိုလည်း ချိုးဖျက်ခဲ့ပါတယ်။
အဆိုပါ အခမ်းအနားမှာ စုံတွဲတွေဟာ တာဝန်ရှိတွေထံက ကောင်းချီးမင်္ဂလာများ ရရှိခဲ့ကြပြီး ဟိန္ဒူနဲ့ မွတ်ဆလင် လက်ထပ်ထိမ်းမြားခြင်း နှစ်ခုစလုံးကို ကျင်းပခဲ့ပါတယ်။
အဆိုပါပွဲကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်မှာ ဆင်းရဲနွမ်းပါးတဲ့ စုံတွဲတွေကို အိမ်ထောင်ပြုပေးပြီး ဘဝကိုအတူတကွ စတင်နိုင်ဖို့ ကူညီပေးတာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
နှစ်ဆယ့်လေးနာရီအတွင်း လက်ထပ်ပွဲပြုလုပ်တဲ့ စုံတွဲအရေအတွက် အများဆုံးပွဲရဲ့ အရင် စံချိန်ဟောင်းမှာ ၂၀၁၃ ခုနှစ်မှာ ယီမင်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ပွဲမှာ စုံတွဲ ၉၆၃ တွဲက အတူတကွ မင်္ဂလာဆောင်ခဲ့ကြတဲ့ပွဲ ဖြစ်ပါတယ်။
Ref; UPI News