၆. ၆. ၂၀၂၃
Written By Thandar
ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင်တွေ စုပေါင်းဖျော်ဖြေခဲ့ကြတဲ့ ပဒေသာကပွဲက မိုခါမုန်တိုင်းသင့်ပြည်သူတွေအတွက် ရန်ပုံငွေ ကျပ် သိန်း ၁၆၀၀ ကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီရန်ပုံငွေဖျော်ဖြေပွဲကို ဇွန်လ ၂ ရက် ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ရန်ကုန်မြို့ ဒဂုံမြို့နယ် အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဖျော်ဖြေပွဲမှာ ပါဝင်ခဲ့ကြတဲ့ အနုပညာရှင်တွေအားလုံးက မေတ္တာနဲ့ပါဝင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဖျော်ဖြေပွဲလက်မှတ်ရောင်းချငွေ၊ ပွဲတွင်းလာရောက်ကြည့်ရှုသူတွေကို ပွဲခင်းထဲမှာ အနုပညာရှင်တွေက အလှူငွေလိုက်လံကောက်ခံရာ အလှူငွေထည့်ဝင်မှုအပြင် ရုပ်သံလိုင်းတွေရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကနေ ပါဝင်လှူဒါန်းကြသူတွေနဲ့ သတ်မှတ်ထားတဲ့ QR Code ကိုအသုံးပြုပြီး K pay ကနေ ပါဝင်လှူဒါန်းကြတဲ့ အလှူငွေစုစုပေါင်းက ငွေကျပ်သိန်း ၁၆၀၀ ကျော် ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မိုခါမုန်တိုင်းသင့်ပြည်သူတွေအတွက် ရန်ပုံငွေ ဖျော်ဖြေပွဲမှာ ရုပ်ရှင်အစည်းအရုံးကနေ ရန်အောင်၊ ရဲအောင်၊ ကျော်ရဲအောင်၊ နေတိုး၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ ဖြိုးငွေစိုး၊ နေထက်လင်း၊ ထူးခန့်ကျော်၊ ညီနန္ဒ၊ အောင်ရဲလင်း၊ ညီထွဋ်ခေါင်၊ နေဒွေး၊ ကျော်ကျော်၊ ဘုန်းလျှန်၊ ရဲလေး၊ ဂျိုကာ၊ နေဗလု၊ ရှင်ဘုန်းပြည့်၊ ဒေါ်နွဲ့နွဲ့စန်း၊ မေသန်းနု၊ စိုးမြတ်သူဇာ၊ ထွန်းအိန္ဒြာဗိုလ်၊ စိုးပြည့်သဇင်၊ မိုးဟေကို၊ ဝတ်မှုန်ရွှေရည်၊ ရွှေမှုန်ရတီ၊ ခင်ဝင့်ဝါ၊ စုမြတ်နိုးဦး၊ မေမြင့်မိုရ်၊ မိုးပြည့်ပြည့်မောင်၊ ယဉ်လတ်၊ ယွန်းရွှေရည်၊ ဆောင်းအိန္ဒြေထွန်း၊ မတူး၊ ကြူကြူသင်း၊ ရဲလေးမ စတဲ့ အနုပညာရှင်တွေ၊ ဂီတအစည်းအရုံးက စိုးသူ ၊ ဂျက်မြသောင်း၊ စိုင်းစိုင်းခမ်းလှိုင်၊ နီနီခင်ဇော်၊ အိုင်းရင်းဇင်မာမြင့်၊ အိမ့်ချစ်၊ သွန်း စတဲ့ အနုပညာရှင်တွေအပြင် ရွှေမန်းသဘင်အစည်းအရုံးကလည်း ချမ်းသာ၊ ပန်တျာ တင်မိုးဝင်း၊ တင်မောင်ဆန်းမင်းဝင်း၊ ဟန်ဇာမိုးဝင်း၊ စွမ်း၊ ဝင်းနောင်၊ ဘွန်း၊ နန်းခင်မွှေး၊ ရေကြည်ချမ်းမြ စတဲ့ အတတ်ပညာရှင်တွေ၊ အနုပညာရှင်တွေနဲ့အတူ ဟာသသရုပ်ဆောင်တွေ၊ လူရွှင်တော်တွေကလည်း ပါဝင်တင်ဆက်ခဲ့ကြတာလည်းဖြစ်ပါတယ်။