MT News
Written By Thandar
Miss Universe Yangon 2023 ပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ဆန်ကာတင်အလှမယ်တွေရဲ့ Press Conference ပွဲကို ဇွန်လ ၅ ရက် နေ့လည် ၁ နာရီက ရန်ကုန်မြို့ Wyndham Grand Hotel မှာ ကျင်းပခဲ့ပါတယ်။
“အလှမယ်ပြိုင်ပွဲတွေလည်း အခုနောက်ပိုင်း ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ်လုပ်လာကြတယ်။ တခြားပြိုင်ပွဲတွေနဲ့မတူအောင် မတူညီတဲ့ပုံစံတွေနဲ့ အကြီးကျယ်အခမ်းနားဆုံး ဖြစ်အောင် စီစဥ်ထားပါတယ်။ မတူ ထူးခြားတဲ့ Round တွေ
လည်း ပါမယ်။ ရန်ကုန် ကိုယ်စားပြု အလှမယ်တွေအတွက် Camp ကာလကို မနက်က စပြီးတော့ ဇွန် ၁၉ ရက်အထိ သင်ကြားပေးမယ်။ အကောင်းဆုံး Training ပိုင်းတွေလည်း ပြင်ဆင်ပေးထားပါတယ်။ ဒီပြိုင်ပွဲကနေ ရွေးချယ်ထားတဲ့ အလှမယ် ၄ ယောက်ရွေးမယ်။ ဒါ့အပြင် Title Sponsor Dr.s Miss အတွက်လည်း အလှမယ်တစ်ယောက် Title တစ်ခု ရွေးချယ်သွားမှာပါ”လို့ Miss Universe Yangon 2023 Production Director Kevin က ပြောပါတယ်။
ဇွန်လ ၂၀ မှာ Miss Universe Yangon 2023 Grand Final ပြိုင်ပွဲကို ရန်ကုန်မြို့ Wyndham Grand Hotel မှာ ကျင်းပပြီး Miss Universe Yangon (East) ၊ Miss Universe Yangon (West) ၊ Miss Universe Yangon( South) နဲ့ Miss Universe Yangon (North) ကိုယ်စားပြု အလှမယ်(၄) ဦးကို တစ်ခါတည်းရွေးချယ်သွားမှာ ဖြစ်ပါတယ်။
အဆိုပါ ပြိုင်ပွဲက အလှမယ် ၄ ဦးနဲ့အတူ ပြည်နယ်နဲ့တိုင်းအသီးသီးက အလှမယ်တွေက ၁၀ ကြိမ်မြောက် ကျင်းပမယ့် Miss Universe Myanmar 2023 ပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ကြရမှာလည်း ဖြစ်ပါတယ်။
ကျင်းပပြီးစီးတဲ့ အလှမယ်ရွေးပွဲတွေမှာဆိုရင် Miss Universe Myanmar 2013 က အလှမယ် မိုးစက်ဝိုင်၊ Miss Universe Myanmar 2014 က အလှမယ် သျှားထွဋ်အိန္ဒြေ ၊ Miss Universe Myanmar 2015 က အလှမယ် မေဘရဏီသော်၊ Miss Universe Myanmar 2016 က အလှမယ် ထက်ထက်ထွန်း၊ Miss Universe Myanmar 2017 က အလှမယ် ဇွန်သံစဥ်၊ Miss Universe Myanmar 2018 က အလှမယ် နှင်းသွေးယုအောင်၊ Miss Universe Myanmar 2019 က အလှမယ် ဆွေဇင်ထက်၊ Miss Universe Myanmar 2020 က အလှမယ် Candy သူဇာနဲ့ Miss Universe Myanmar 2022 က အလှမယ် ဇာလီမိုးတို့က မြန်မာကိုယ်စားပြုအနေနဲ့ နိုင်ငံအသီးသီးကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီးဖြစ်ပါတယ်။