MT News
Written by Nay Moe
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအား ဇွန်လ ၂ ရက် နံနက်ပိုင်းတွင် KNLA တပ်မဟာ(၆) နှင့် PDF များက လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ပြီး Dorp Bomb များ ကြဲချမှုကြောင့် သံဃာတော် ၁ ပါးနှင့် အပြစ်မဲ့ပြည်သူ ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ကြာအင်းဆိပ်ကြီးမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအား ဇွန်လ ၂ ရက် နံနက် ၅ နာရီခန့်တွင် KNLA တပ်မဟာ(၆)မှနှင့် PDF များက ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ အရှေ့တောင်ဘက် မီတာ ၂၀၀ ခန့်အကွာ ရပ်ကွက်အတွင်းမှနေ၍ လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ပြီး Dorp Bomb များ ကြဲချခဲ့သဖြင့် အဆိုပါရပ်ကွက်ရှိ ဇေတဝန် ဘုန်းတော်ကြီးကျောင်းမှ သံဃာတော် ၁ ပါး ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ပြည်သူ ၃ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိသည်။
အဆိုပါ အရပ်သားပြည်သူများထိခိုက်စေသည့်တိုက်ခိုက်မှုကို KNLA နှင့် PDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါပူးပေါင်းတပ်များက ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ ဌာနဆိုင်ရာများကို တစ်ပြိုင်နက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်က ပြောသည်ကို ကိုးကား၍ Myanmar Now သတင်းဌာနက ရေးသားထားသည်ကို တွေ့ရသည်။