၂. ၆. ၂၀၂၃
Written by Nay Moe
ယနေ့ ဇွန်လ ၂ ရက် နံနက် ၉ နာရီခွဲတွင် ကပစ (၂၁) မှ စျေးဝယ်ထွက်လာသော တပ်ကြပ်ကြီးအောင်သူတင့်အား ချောက် PDF ငါးဖွဲ့ပေါင်းကာ ပစ်ခတ်သ-တ်ဖြတ်ပြီး ကျပ်သိန်း ၄၀ ကျော်နှင့် အခြားပစ္စည်းများ သိမ်းယူလိုက်သည်ဟု Chauk Guerrilla Force (C.G.F) က ယခု ကြေညာသည်။
Chauk Guerrilla Force C.G.F ( ချောက်မြို့နယ် ပြောက်ကြားတပ်ဖွဲ့) ၊ ချောက် (ပကဖ) အဖွဲ့နှင့် ပူးပေါင်း မဟာမိတ်အဖွဲ့ တို့သည် ကပစ ( ၂၁) မှ ဆိပ်ဖြူမြို့နှင့် ချောက်မြို့သို့ ဈေး အဝယ်တော် စေခိုင်းထားသော တပ်ကြပ်ကြီးအောင်သူတင့် စီးလာသော ကားအား ဆိပ်ဖြူမြို့မှနေ၍ ကာလကြာရှည် စုံစမ်းထောက်လှမ်းခဲ့သည်။ ယနေ့တွင်လည်း ကပစ (၂၁) ကားအား ရှင်းလင်းရန် ရည်ရွယ်ထားသော်လည်း ကားပေါ်တွင် အပြစ်မဲ့ပြည်သူများ ပါရှိနေ၍ စစ်ဆင်ရေးအား ဖျက်သိမ်းကာ ကားနောက်သို့ ရှောင်တခင် ဝင်ရောက် လိုက်လံပြီး လူရှင်းသောနေရာဖြစ်သည့် ချောက်မြို့ အမှတ် ၁၁ ဗဟိုကွက်သစ် ကျောင်းအနီးတွင် တပ်ကြပ်ကြီးအောင်သူတင့်ကို ပစ်ခတ်သ-တ်ဖြတ်ခဲ့သည်ဟု သိရသည်။
ကပစ (၂၁) အဝယ်တော် တပ်ကြပ်ကြီးအောင်သူတင့်သည် ကပစ (၂၁) မှ ကြည်း ၆၂၄၈၇ ဗိုလ်ကြီးရန်နိုင်၏ တပည့်အရင်းဖြစ်ပြီး ယင်းသည် ကိုယ်ပိုင်အမှတ် တ/၄၅၇၅၁၈ တပ်ကြပ်ကြီး အောင်သူတင့်ဖြစ်ကြောင်း၊ ၎င်းထံမှ ငွေသား သိန်းလေးဆယ်ကျော်နှင့် ဖုန်းတစ်လုံး၊ ဗိုလ်ကြီးရန်နိုင်၏ ဘဏ်စာအုပ်များ၊ ချက်လက်မှတ် တစ်စောင် အပါအဝင် ATM ကတ်များ၊ ထိပ်တန်း လျှို့ဝှက် စာရွက်စာတန်းများကို သိမ်းဆည်းရမိခဲ့ကြောင်း Chauk Guerrilla Force (C.G.F) က ယခု ကြေညာသည်။
၎င်း သတ်ဖြတ်မှုကို ချောက်မြို့နယ် ပြောက်ကြား တပ်ဖွဲ့ (C.G.F) နှင့် ချောက် (ပကဖ) အဖွဲ့ ၊ KF People Defence Force ၊ ရေနံချောင်း ဖေကံကောင်းအဖွဲ့၊ MVP Revolution Force တို့မှ ပူးပေါင်း ဆောင်ရွက်ကာ ရှင်းလင်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု Chauk Guerrilla Force (C.G.F) ဒုခေါင်းဆောင်ဗိုလ်ပေတက ပြောသည်။