MT News
Written by Thettant
ပြင်ဦးလွင်မြို့ရှိ ငါးရံ့ချောင်းခွဲရုံမှ ရဲစခန်း (၂) သို့ ထရန်စဖော်မာအထွက်ကြိုးသုံးကြိုးအား မသမာသူများက ဖြတ်တော်ခိုးယူခံရသဖြင့် မီးပြတ်နေ၍ အမြန်ပြင်ဆင်နေရသည်ဟု ပြင်ဦးလွင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ မေလ ၂၈ ရက်က သိရသည်။
ဖြစ်စဥ်မှာ မေလ ၂၈ ရက် နံနက် ၁၀ နာရီခန့်တွင် ရပ်ကွက်နေပြည်သူများမှာ မီးမလာ၍ အကြောင်းကြားသဖြင့် ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ ၊ 33/11 kW 10MVA ငါးရံ့ချောင်းခွဲရုံ၊ 11kV ဆင်ဖြူအင်း ဖီဒါ MESC ဌာနပိုင် 11/0.4kV 200kVA ရဲစခန်း(၂)ထရန်စဖော်မာအထွက် P ကြီး 1C 185 mm Copper Cable ( ၁၅ပေ ၃ကြိုး)အား သွားရောက်စစ်ဆေးရာတွင် ထို ကြိုးသုံးကြိုးစလုံးကို ဖြတ်ခိုးခံရကြောင်း တွေ့ရှိရသည်။
ထိုသို့ ကြိုးသုံးကြိုးစလုံး ဖြတ်တောက်ခိုးယူခံရသဖြင့် ဓာတ်အားပြတ်တောက်သည့် ဧရိယာမှာ ရပ်ကွက်ကြီး(၁) ရဲစခန်းအနောက်လမ်းဖြစ်၍ လက်ရှိတွင်ဓာတ်အားအမြန်ပြန်လည်ရရှိရေးအတွက် ဆောင်ရွက်လျှက်ခဲ့ကြောင်း သိရသည်။