MT News
Written By Thandar
“နွယ်နီ”တေးသီချင်းနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ တေးရေး တေးဆို ညီမင်းခိုင်ကဟာ မေလ ၂၈ ရက်က ရခိုင်ပြည်နယ်ရှိ ရေဘေးသင့်အိမ်ထောင်စု ၂၅၀ ကျော်စာ ဆန်၊ ခေါက်ဆွဲခြောက်နဲ့ အလှူငွေတချို့ လှူဒါန်းခဲ့ပါတယ်။
“ဒီ လှူဒါန်းမှု အထမြောက်နိုင်ဖို့အတွက် ပြည်တွင်းပြည်ပက စေတနာရှင်တွေ၊ အလှူရှင်တွေသာမက ပံ့ပိုးကူညီဆောင်မပေးကြတဲ့ အလိုတော်ပြည့်ကျောင်း(စစ်တွေ)၊ ညီတော်နောင်တော်များအားလုံးကို ကျေးဇူးအထူးတင်ပါတယ်”လို့ အဆိုတော် ညီမင်းခိုင်က ပရိသတ်သိအောင်ပြောပါတယ်။
သူ့တို့ အဖွဲ့တွေက ရခိုင်ပြည်နယ် သင်ပုန်းတန်းကျွန်း ၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကြိမ်ကျွန်းက အိမ်ထောင်စု (၇၀)အတွက် တစ်မိသားစုကို ဆန်တစ်ပြည်ခွဲနဲ့မာမားခေါက်ဆွဲ နှစ်ထုပ်စီ၊ကျွဲချက အိမ်ထောင်စု (၉၇) စုအတွက် တစ်မိသားစုကို ဆန်တစ်ပြည်ခွဲနဲ့ဆရာတော်အတွက် ကျပ်၂ သိန်း၊ မြစ်နားပြင်ကအိမ်ထောင်စု (၅၇)စုအတွက် တစ်မိသားစုကို ဆန်နှစ်ပြည်နဲ့ ခေါက်ဆွဲထုပ်တွေ ပေးအပ်လှူဒါန်းခဲ့ပါတယ်။
ဒ့ါအပြင် သာယာကုန်းကျေးရွာကို့ ပံ့သကူအလှူအနေနဲ့ ချို့တဲ့နေကြတဲ့ အိမ်ထောင်စု (၁၀)စုစာအတွက် တစ်စုလျှင် ဆန် ၁ ပြည်ခွဲစီ ၊ အလယ်ချောင်းကျေးရွာကိုလည်း ပံ့သကူအလှူအနေနဲ့ အလွန်ချို့တဲ့နေကြတဲ့ အိမ်ထောင်စု(၂၅) စုစာအတွက် တစ်စုလျှင် ဆန်၂ ပြည် နဲ့ ၃ ပြည်နဲ့ မာမားခေါက်ဆွဲထုပ်တွေအပြင် ငွေကြေးတချို့လည်းပေးအပ် လှူဒါန်းခဲ့ပါတယ်။
ညီမင်းခိုင်ဟာ မိုခါမုန်တိုင်းစတင်ဖြစ်ပေါ်ပြီးနောက်မှာရေဘေးသင့်ပြည်သူတွေအတွက် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ပေါက်တောမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ် စတဲ့နေရာတွေကိုလည်း ကိုယ်တိုင်သွားရောက်ပြီး လိုအပ်တဲ့ ပစ္စည်းတွေကို လှူဒါန်းနေလျှက်ရှိပါတယ်။