MT News
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Ramkhamhaeng Soi 50 လမ်းရှိ ဟိုတယ်တစ်ခု၏ ဧည့်ခန်းတွင် မြန်မာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးမှာ ထိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့၏ အကူအညီဖြင့် မေလ ၂၅ ရက်က ဘေး အန္တရာယ်ကင်းစွာ အရေးပေါ်သားဖွားမှုပြုနိုင်ခဲ့ကြောင်း သိရသည်။
၎င်းက ထိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ အကူအညီဖြင့် ပြုလုပ်နိုင်ခဲ့သော ၂၅၇ ကြိမ်မြောက်အရေးပေါ်သားဖွားမှုဟုလည်းဆိုသည်။
မေလ ၂၅ ရက်က အဆိုပါဟိုတယ်တွင် ထိုသို့အမျိုးသမီးတစ်ဦး သားဖွားလုဆဲအခြေအနေသို့ရောက်နေခြင်းအား ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ အကြောင်းကြားမှုရောက်ရှိလာပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့၏ Royal Initiative Project အရ အကူအညီပေးရန် အကြောင်းကြားလာခဲ့သည်။
ယာဉ်ထိန်းရဲတပ်ဖွဲ့အရာရှိများ ရောက်ရှိသွားချိန်တွင် အမျိုးသမီးမှာ ကလေးမွေးပြီးဖြစ်ကြောင်းတွေ့ရ၍ မိခင်နှင့်ကလေးအားကျန်းမာရေးစောင့်ရှောက်မှုများကို ယာဉ်ထိန်းရဲတပ်ဖွဲ့က ချက်ချင်းပင်ပြုလုပ်ပေးခဲ့သည်။
ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့ရောက်ရှိပြီးနောက် ကလေးငယ်သို့ ချက်ကြိုးကိုလည်းဖြတ်ပေးနိုင်ခဲ့ပြီး Sirindhorn ဆေးရုံသို့ မိခင်ရောကလေးပါ ဘေးကင်းစွာပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ က အလားတူ အိမ်နှင့်ယာဉ်များ၌ အရေးပေါ်သားဖွားသည့်မိခင်များအား Royal Initiative Project စီမံချက်အရ အရေးပေါ်သားဖွားရန်ကူညီပေးလျက်ရှိကြောင်း သိရသည်။
Ref-The Thaiger