MT News
Written By Thandar
လက်ရှိမှာ ပရိသတ်တွေ နှစ်ခြိုက်စွာ အားပေးမှုများစွာရရှိခဲ့တဲ့ “အိမ်ထောင်” ဇာတ်လမ်းတွဲ အဖွဲ့သားတွေက မိုခါမုန်တိုင်းသင့်ပြည်သူတွေအတွက် ကျပ် ၃၂ သိန်းကို မေလ ၂၃ ရက်မှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို လှူဒါန်းခဲ့ပါတယ်။
ဒီဇာတ်လမ်းတွဲမှာ ပုံဖော်ခဲ့တဲ့ အောင်သီရိ ထုတ်လုပ်ရေးက ထုတ်လုပ်သူ ၊ ဒါရိုက်တာ မယ်မင်းဘုံ အပြင် ပါဝင်သရုပ်ဆောင်ကြတဲ့ ကျော်ထက်အောင် ၊ အကယ်ဒမီ ချောရတနာ ၊ ညီထွဋ်ခေါင် တို့က ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် သဘာဝဘေးအန္တရာယ်ခံစားနေရတဲ့ ဒေသတွေရှိ ပြည်သူတွေကို ထောက်ပံ့ လှူဒါန်းဖို့အတွက် အစည်းအရုံးကတစ်ဆင့် လှူဒါန်းကြတာလည်း ဖြစ်ပါတယ်။
စေတနာရှင် ပြည်တွင်းပြည်ပ မိဘပြည်သူတွေ အနေနဲ့လည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဘဏ္ဍာရေးမှူးဖြစ်တဲ့ U Than Htay ရဲ့ kpay Acc No 09-428555888 ကနေလည်း အလှူငွေတွေ ပါဝင်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။