၂၄. ၅. ၂၀၂၃
Photo – Thandar / Writer Thettant
ဂျပန်တံတားအဆင်း ဝါဆိုမှတ်တိုင်အနီးတွင် Caldina ယာဥ်တစ်စီးအရှိန်လွန်တိမ်းမှောက်ပြီး တံတားအောက်ရှိလူကို ထပ်မံတိုက်မိကာ ယာဥ်မောင်းထွက်ပြေးမှု မတ်လ ၂၃ ရက် ညနက်ပိုင်းအချိန်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယခုည ၁၁ နာရီ မိနစ် ၂၀ ခန့်က ဂျပန်တံတားအဆင်း ဒေါပုံမြို့နယ်ဘက်သို့ မောင်းနှင်လာသော Caldina အဖြူရောင်ယာဥ်တစ်စီးသည် အရှိန်လွန်ကာ တံတားလက်ရန်းများကို ကျော်၍ အောက်ဖက်ခြမ်းသို့ ပြုတ်ကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ပြုတ်ကျစဥ် တံတားဘေးအောက်ရှိ အမျိုးသားတစ်ဦးကို ပိမိတိုက်မိမှုထပ်ဆင့်ဖြစ်ပွားခဲ့ကာ ယာဥ်မောင်းအမျိုးသားမှာမူ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
“ည ၁၁ နာရီ မိနစ် ၂၀ လောက်မှာ အုံးကနဲ အသံကြားလို့ထွက်ကြည့်ကြတာ။ ကားက ဒေါပုံဘက်အဆင်းမှာ ကာထားတာတွေကျော်ပြီး လမ်းဘက်ကို မှောက်လာတော့ တံတားဘေးအောက်နားရှိနေတဲ့ လူတစ်ယောက်ကို တိုက်မိသွားတာ။ တိုက်မိတဲ့သူကို စမ်းသပ်ကြည့်တော့ သတိမရှိတော့ဘူး။ အဲဒါနဲ့ ဆေးရုံကြီးအရေးပေါ်ကို ခေါ်သွားကြတယ်။ ကားမောင်းလာတဲ့သူကတော့ ထွက်ပြေးသွားတယ်” ဟု အဆိုပါ ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်ကို သိရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ယာဥ်တိမ်းမှောက်ပျက်စီးမှုဖြစ်စဥ်တွင် ယာဥ်မောင်းနှင်လာသူမှာ ထွက်ပြေးနိုင်သော်လည်း ယာဥ်မှာမူ တစ်စီးလုံးနီးပါး ထိခိုက်ကာ ပျက်စီးမှုများပြားခဲ့ကြောင်း သိရသည်။