၂၃. ၅. ၂၀၂၃
Written By Thandar
ဆိုင်ကလုန်းမိုခါ လေမုန်တိုင်းဒဏ်ခံစားနေရတဲ့ ပြည်သူတွေကို ထောက်ပံ့နိုင်ဖို့အတွက် အနုပညာရှင်တွေက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကတစ်ဆင့် လှူဒါန်းခဲ့ပါတယ်။
နာမည်ကြီး အနုပညာရှင်တွေ ဖြစ်တဲ့ အကယ်ဒမီ စိုးမြတ်သူဇာက ၉၉၉၉၉၉ ကျပ်၊ အကယ်ဒမီရန်အောင်က ကျပ် ၁၀ သိန်း၊ အကယ်ဒမီ ခင်ဝင့်ဝါက ကျပ် ၁၀ သိန်း၊ သရုပ်ဆောင် ယုသန္တာတင်က ကျပ် ၁၀ သိန်း၊ အကယ်ဒမီ ခိုင်သင်းကြည်က ကျပ် ၁၀ သိန်း၊ သရုပ်ဆောင် နော်ဖောအယ်ထားက ကျပ် ၁၀ သိန်း၊ အကယ်ဒမီမြင့်မြတ်က ကျပ် ၁၀ သိန်း၊ သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်းက ကျပ်သိန်း ၃၀၊ သရုပ်ဆောင် နေဒွေးက ကျပ် ၁၀ သိန်းနဲ့ ဆန်၂၄ ပြည်အိတ် ၃ အိတ်၊ အကယ်ဒမီ ခန့်စည်သူနဲ့ ဓမ္မမိတ်ဆွေများက ကျပ်သိန်း ၅၀၊ သရုပ်ဆောင် ခိုင်နှင်းဝေက အမိုးသွပ် အချပ် ၅၀၀၊ သရုပ်ဆောင် သင်းသင်းက ကျပ် ၃ သိန်း စတာတွေကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကတစ်ဆင့် ပါဝင်လှူဒါန်းခဲ့ကြပါတယ်။
အဆိုပါ မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူတွေကို ထပ်မံကူညီနိုင်ဖို့အတွက် ရုပ်ရှင်၊ သဘင်၊ ဂီတ၊ ဟာသ ပညာရှင်တွေနဲ့ “ပဒေသာကပွဲ” ကိုလည်း ဇွန်လ ၂ရက်ကနေ ၄ ရက်အထိ ကပြဖျော်ဖြေ ရန်ပုံငွေရှာပြီး ထောက်ပံ့လှူဒါန်းသွားမှာဖြစ်ပါတယ်။