MT News
၂၃. ၅. ၂၀၂၃
မနေ့က မေလ ၂၂ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရွှေမြို့တော် ရွှေဆိုင် လုယက်ခံရပြီး ဆိုင်တွင်းရှိ အမျိုးသမီးတွေက ပြန်လည်ခုခံခဲ့တဲ့ မှတ်တမ်းမြင်ကွင်းဖြစ်ပါတယ်။
မှတ်တမ်းမြင်ကွင်းအရ အမျိုးသမီးသုံးယောက်ရှိနေတဲ့ ရွှေဆိုင်ထဲကို အမျိုးသားနှစ်ယောက်ဝင်လာပြီး အမျိုးသမီးတစ်ဦးကို ရိုက်နှက်ခဲ့သလို ကောင်တာတွင်းက လက်ကောက်တွေ လက်ဝတ်ရတနာတွေကိုလည်း လက်နှစ်ဖက်နဲ့ သိမ်းကျုံးလုယူသွားတာ တွေ့မြင်ရပါတယ်။
အဲဒီလုယက်ခံရမှုဖြစ်စဥ်မှာ လက်ကောက်အကွင်း ၅၀ လောက်လုယက်သွားဖွယ်ရှိတယ်လို့ ကနဦး ခန့်မှန်းသိရပြီး တရားခံတွေကိုတော့ ဖမ်းဆီးရမိမှုမရှိသေးဘူးလို့ ရွှေမြို့တော်ရွှေဆိုင်နဲ့ နီးစပ်သူတစ်ဦးက မေလ ၂၃ ရက်မှာ ပြောပြသလို MT News သတင်းဌာနအနေနဲ့လည်း အသေးစိတ်သိရှိရဖို့ ဆက်လက်စုံစမ်းနေပါတယ်။