၂၀. ၅. ၂၀၂၃
Written By Thandar
မုန်တိုင်းဒဏ်သင့်ပြည်သူတွေအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင် ရန်ပုံငွေ ပဒေသာဖျော်ဖြေပွဲကြီးကို ဇွန်လ ၂ ရက်ကနေ ၄ ရက်အထိ ညနေ ၆ နာရီတိုင်းမှာ ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံမှာ ကျင်းပသွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ မုန်တိုင်းဘေးသင့်တဲ့သူတွေကို လှူဒါန်းဖို့အတွက် ပွဲလေး စီစဥ်နေတာပါ။ ကဖို့ကတော့ တိုင်ပင်စီစဥ်နေပါတယ်။ ရုပ်ရှင်၊ ဂီတ၊ သဘင်ဆိုပြီးတော့ ကဏ္ဍပေါင်းစုံက အနုပညာရှင်တွေ ပါပါမယ်။ ပါဝင်ကြမယ့် သူတွေကတော့ အမေများအဖွဲ့တို့ တခြားနာမည်ကြီး အနုပညာရှင်တွေ ပါပါမယ်။ အားလုံး သေချာသိရရင်တော့ ကြေညာပေးပါမယ်”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက MT News ကို ပြောပါတယ်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ မြန်မာပြည်တွင်း ရေဘေး၊ မီးဘေး၊ နာဂစ်မုန်တိုင်းဘေးစတဲ့ ဘေးအန္တရာယ်ကြုံတွေ့တိုင်းမှုလည်း အနုပညာရှင်တွေက ရှေ့ဆုံးကသွားရောက်အားပေး ဖျော်ဖြေပေးခြင်းအပြင် လိုအပ်တာတချို့ကို ထောက်ပံ့ကူညီပေးလျှက်ရှိတာပဲဖြစ်ပါတယ်။