၂၀. ၅. ၂၀၂၃
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နိုင်ငံအရှေ့ပိုင်း ဆီလ်ဟက်မြို့သို့ ဦးတည်ခုတ်မောင်းလာသော ရထားတစ်စီးက မိုလ်ဗီဘာဇာမြို့၊ လာဝါချာရာ အမျိုးသားဥယျာဉ်အနီးတွင် မေလ ၂၀ ရက်၊ နံနက် ၄ နာရီခွဲခန့်တွင် ရထားသံလမ်းပေါ် ကိုင်းညွတ်ကျနေသော သစ်ပင်တစ်ပင်အား ဝင်တိုက်မိရာမှ တွဲသုံးတွဲ လမ်းချော်တိမ်းမှောက်ကာ အနည်းဆုံးခရီးသည် ၅၀ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ရထားတွဲများ လမ်းချော်တိမ်းမှောက်ခဲ့မှုကြောင့် ဆီလ်ဟက်- ဒက်ကာ- စစ်တကောင်း ရထားလမ်းပြေးဆွဲမှုကို ဆိုင်းငံ့ထားခဲ့ရကြောင်းလည်း လာဝါချာရာ အမျိုးသားဥယျာဉ်အနီးရှိ ဆရီမန်ဂယ်လ်ရထားဘူတာရုံပိုင်က ပြောခဲ့သည်။
၎င်းက မေလ ၁၉ ရက်မှ မေလ ၂၀ ရက်အကူး ညပိုင်းတွင် ဒေသအတွင်း မိုးသည်းထန်စွာရွာခဲ့သဖြင့် လာဝါချာရာ အမျိုးသားဥယျာဉ်အတွင်းမှ သစ်ပင်အများအပြားက ဥယျာဉ်အနီးဖြတ်သန်းသွားသည့် ရထားသံလမ်းပေါ်သို့ ကိုင်းညွှတ်ကျနေခဲ့ကြရာမှ ထိုကဲ့သို့ ရထားတွဲများ လမ်းချော်တိမ်းမှောက်မှု ဖြစ်ခဲ့ရခြင်းဟု တာဝန်ရှိသူများကပြောခဲ့ကြသည်။
အချင်းဖြစ်ပွားရာနေရာသို့ ပါရာကူလာဦရာမြို့နှင့် အခါဦရာမြို့တို့မှ ကယ်ဆယ်ရေးရထားနှစ်စီး ထွက်ခွာသွားကြောင်းလည်း သိရသည်။
Ref——Dhaka Tribune