MT News
Translated by Htwe Ko Tun
မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသအတွင်း ဆိုင်ကလုံးမိုခါဝင်ရောက်တိုက်ခတ်မှုကြောင့် သဘာဝဘေးအန္တရာယ်သင့်မှု တွေ့ကြုံခဲ့ရသော ပြည်သူ ၁၇၅,၀၀၀ အတွက် လူသားချင်းစာနာမှုအထောက်အပံ့အဖြစ် ဗြိတိန်နိုင်ငံက အမေရိကန်
ဒေါ်လာ ၂ ဒသမ ၅ သန်း ထောက်ပံ့သွားမည်ဟု ဗြိတိန်အစိုးရက မေလ ၁၉ ရက်တွင် ကြေညာခဲ့သည်။
အဆိုပါ ရန်ပုံငွေအသစ် အမေရိကန်ဒေါ်လာ ၂ သန်းခွဲကို အကူအညီ အများဆုံးလိုအပ်နေသူများအတွက် ရေသန့်နှင့် အမိုးအကာများ ထောက်ပံ့ပေးရန်နှင့် ဆိုင်ကလုံး နောက်ဆက်တွဲရောဂါအန္တရာယ်များ လျော့ပါးစေရေး ကူညီရန် ရည်ရွယ်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါရန်ပုံငွေကို မြန်မာနိုင်ငံအနောက်မြောက်ဒေသတွင်းရှိ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများထံသို့ တိုက်ရိုက် ပေးအပ်မည်ဖြစ်ပြီး ဆိုင်ကလုံးဒဏ်ခံခဲ့ရကာ အသက်ရှင်ကျန်ရစ်သူများ လိုအပ်နေသည့် အသက်ကယ်ထောက်ပံ့မှုကို အမြန်ဆုံးဖြန့်ဖြူးပေးသွားမည်ဟု ဆိုသည်။
ထိုသို့ ပံ့ပိုးမှုအပြင် နိုင်ငံ၏တတိယမြောက် ချားလ်စ်ဘုရင်ကလည်း သဘာဝဘေးဒဏ်ခံရသူများအတွက် အထူးဝမ်းနည်းကြေကွဲမိပါကြောင်းနှင့် ကိုယ်ချင်းစာမိပါကြောင်း သဝဏ်လွှာတစ်စောင်ပေးပို့ခဲ့သည်။
Ref—–UK in Myanmar