MT News
Written By Thandar
နာမည်ကြီး နာရီအမျိုးအစားဖြစ်တဲ့ SEIKO နာရီတွေကို ချယ်ရီဦးနာရီဆိုင်မှာ တရားဝင်မိတ်ဆက်ရောင်းချခြင်း အခမ်းအနားကို မေလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ Junction City Promotion Area မှာ ကျင်းပခဲ့ရာ နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ အောင်ရဲလင်း ၊ ညိမ်းသော် ၊ မိုးဟေကို ၊ နန်းစန္ဒာလှထွန်းတို့က တက်ရောက်ခဲ့ကြပါတယ်။
“လူတစ်ယောက်နဲ့ တစ်ယောက် Respect ကတော့ အချိန်နာရီတွေက အရမ်းအရေးကြီးပါတယ်။ အောင်မြင်ဖို့ကြိုးစားနေသူတိုင်း အချိန်တွေကို လေးစားရတယ်။ ဘယ်နေရာမဆို အချိန်လေးစားသင့်ပါတယ်။ ကျွန်တော်ဝတ်ထားတဲ့ SEIKO Presage Cocktail Time Collection ထဲက Automatic Collection လေးပဲ ဖြစ်ပါတယ်။ Power Reserve မို့ (41 Hours) နာရီထိ အသုံးပြုလို့ရတဲ့ နာရီလေးဖြစ်ပါတယ်”လို့ သရုပ်ဆောင် အောင်ရဲလင်းက အချိန်နဲ့ပတ်သက်ပြီး ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာ ဖိတ်ကြားထားတဲ့ ဧည်သည်တော်တွေကိုလည်း နာရီတွေ မဲဖောက်ပေးခဲ့ပါတယ်။
နန်းစန္ဒာလှထွန်းက “နန်းနန်း ဝတ်ထားတဲ့နာရီလေးကတော့ Prospex Series လေးထဲကပါ။ ဒီနာရီလေးက Automatic နာရီလေးဖြစ်ပြီး Power Reserve က နာရီ ၇၀ အထိ သုံးစွဲလို့ရတယ်။ နောက် သူ့ရဲ့ထူးခြားချက်ကတော့ နာရီလက်တံနဲ့ Index တွေမှာဆိုရင် LumiBrite ကို အသုံးပြုပေးထားတဲ့ အတွက် အမှောင်ထဲမှာပါ လင်းလင်းရိုးရိုးရှင်းရှင်းဒီဇိုင်းပါပဲ”လို့ ပြောပါတယ်။