MT News
Written By Thandar
မကြာခင်က မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တဲ့ ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ထပ်ဆင့်အကယ်ဒမီ နေတိုးက အလှူငွေ ကျပ်သိန်း ၅၀ ကို လှူဒါန်းခဲ့ပါတယ်။
ရခိုင်ပြည်နယ် ပြန်လည်ထူထောင်နိုင်ရေးအတွက် နေတိုးနဲ့ ဇနီးဖြစ်သူ သဲစုမြတ်ရွှေ၊ သားလေးဂုဏ်ရှိန်တိုး မိသားစုက သရုပ်ဆောင်ဘုန်းလျှံကို လှူဒါန်းပေးခဲ့တာလည်းဖြစ်ပါတယ်။
အဆိုပါ အလှူငွေ ကျပ် သိန်း၅၀ က ရာသီဥတုဘေးဒုက္ခသည်တွေအတွက် အထောက်အပံ့ရရှိကြမှာ ဖြစ်ပါတယ်။ ဒီလိုလှူဒါန်းမှုကြောင့်လည်း လှူဒါန်းတဲ့မိသားစု ဘဝလိုအပ်ချက်တွေ အခက်အခဲရှိတိုင်းလည်း သူတော်ကောင်းပုဂ္ဂိုလ်တွေကတွေ့ရှိပါစေလို့ ဆုမွန်တောင်းပေးထားပါတယ်။ ဒ့ါအပြင် ကံကံရဲ့အကျိုးခံစားကြရပါစေ။ အလှူရှင်မိသားစု အေးချမ်းသာယာကြပါစေ။ ကျန်းမာချမ်းသာကြပါစေလို့ ဘုန်းလျှံတို့ ဇနီးမောင်နှံက မေတ္တာ ပို့သပေးခဲ့ပါတယ်။
ထပ်ဆင့်အကယ်ဒမီနေတိုး လှူဒါန်းလိုက်တဲ့ အလှူငွေတွေနဲ့ ရခိုင်ပြည်နယ် ပြိုင်းချောင်း ၊ ကျောက်တော်မြို့နယ် ပြောင်းထိပ် ၊ ရွှေရောင်စုံပရဟိတစာသင်တိုက် ၊ ပိချောင်း/သဲပုံရွာ ၊ ပုဏ္ဏားကျွန်း /ဝမ်းဒီးကျေးရွာ၊ ကျောက်တော်မြို့နယ် လမုကျေးရွာ၊ ရသေ့တောင် ပန်းဇင်းမော်ကျေးရွာ ၊ ပြိုင်းချောင်းကျောင်းဟောင်းဆရာတော် ၊ အောက်ယွန်းချောင်း/ ကျောက်တော် ၊ အထက်ယွန်းချောင်း/ကျောက်တော်၊ ရတနာသီရီအောင်မင်္ဂလာကျောင်းတိုက် ၊ ပုဏ္ဏားကျေးရွာ၊ ကျောက်တော် အာသောကရုံဘုန်းကြီးကျောင်း၊ ရွာကြီးမြောက်၊ စစ်တွေစတဲ့နေရာတွေကို ခွဲဝေလှုဒါန်းသွားမယ်လို့ သိရပါတယ်။