MT News
Written by Tha Doe
ရန်ကုန်တိုင်း ဒဂုံမြို့နယ် မြို့မကျောင်းလမ်း၊ စိန်ရတနာ ဓမ္မာစရိယ စာသင်တိုက်မှ သံဃာတော်များဆွမ်းခံကြွချိန် ကိုရင် ၅ ပါး ပျောက်ဆုံးမှု ယခုအချိန် ပြန်လည်တွေ့ရှိပြီဟု သတင်းရရှိကြောင်း ကနဦးသတင်းများအရ သိရသည်။
စိန်ရတနာဓမ္မစရိယစာသင်တိုက်မှ ရှင်ပညာဝံသ ၊ ရှင်ပညာသာမိ ၊ ရှင်ဩရသ ၊ ရှင်ပညာဗလ နှင့် ရှင်ကုသလ တို့ ယနေ့နံနက် သံဃာတော်များ ဆွမ်းခံထွက်ချိန် ပျောက်ဆုံးခဲ့သဖြင့် ကျောင်းတိုက်မှ သံဃာတော်များက ကိုရင်ငယ်များကို မြေပြင်တွင်ရော လူမှုကွန်ရက်တွင်ပါ ရှာဖွေခဲ့ရာမှ ရွှေပြည်သာမြို့နယ်ဘက်တွင် ကိုရင်ငယ်ငါးပါးကို ပြန်လည်တွေ့ရှိခဲ့ရသည်ဟု ဆက်သွယ်လာကြောင်း ကိုရင်ပျောက်ရှာဖွေသူ ဆရာတော်တစ်ပါးက ယခုမိန့်ကြားသည်။
” ဦးဇင်းတို့ကို ပြန်တွေ့တယ်လို့တော့ အကြောင်းကြားတယ်။ ကျောင်းတော့ မရောက်သေးဘူး။ မနက်ကျမှ သွားခေါ်ရမှာပါ။ ပြန်တွေ့တယ်လို့တော့ ဆက်သွယ်သွားပါတယ်။ မနက်က ၈ နာရီမတ်တင်းလောက် ဦးဇင်းတို့ ဆွမ်းခံကြွချိန် နောက်ကနေ ကျောင်းကနေ ထွက်သွားကြတာ။ ရွှေပြည်သာဘက်မှာ ပြန်တွေ့တယ်လို့ သတင်းရထားပါပြီ။ သေချာသလောက်ရှိပါတယ်။ သူတို့ဘက်က ကိုရင်ငယ်လေးတွေ တွေ့ထားတယ်လို့ ပုံတွေနဲ့ ပြတော့ သေချာသလောက်ပါ”ဟု အထက်ပါဆရာတော်က မိန့်ကြားသည်။