၁၇. ၅. ၂၀၂၃
Written By Thandar
မေလ ၁၇ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ရခိုင်ပြည်နယ်ရှိ မိုခါမုန်တိုင်းဒဏ်ခံရတဲ့သူတွေကို အနုပညာရှင်တွေက သွားရောက် အားပေးခြင်းနဲ့ လိုအပ်တာတွေ ကူညီထောက်ပံ့ပေးဖို့ စီစဉ်ပေးခဲ့ပါတယ်။
မိုခါမုန်းတိုင်းဒဏ်ရသူတွေ အားပေးပြီး လိုအပ်တာတွေ ထောက်ပံ့ပေးကြဖို့ အနုပညာရှင်တွေဖြစ်တဲ့ နေထက်လင်း၊ ဘုန်းလျှံ၊ စိုးသီဟ၊ ရိုတ၊ အောင်ခိုင်၊ လှမျိုးသဉ္ဇာနွယ်၊ မယ်လိုဒီ၊ ဝါဝါအောင်၊ ရှုမဝ ခင်သန်းနွယ်၊ ဆောင်းအိန္ဒြေထွန်း၊ အမေများအဖွဲ့က ဒေါ်နွဲနွဲစန်း စတဲ့သူတွေက သွားရောက်ခဲ့ကြတာဖြစ်ပါတယ်။
အဆိုပါ ရခိုင်ခရီးစဉ်က နံနက် ၈ နာရီက လေယာဉ်စတင်ထွက်ခွာပြီး ညနေပိုင်းမှာ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမယ့် နေ့ချင်းပြန် ခရီးလည်း ဖြစ်ပါတယ်။
အနုပညာရှင်များနဲ့ ခုနှစ်ရက်သားသမီးတွေ ပါဝင်လှူဒါန်းထား အလှူငွေနဲ့ ပစ္စည်းတွေကိုလည်း သွားရောက်လှူဒါန်းသွားမှာဖြစ်ပါတယ်။