၁၆. ၅. ၂၀၂၃
MT News Entertainment
၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်းစ် အမျိုးသမီးဗိုလ်လုပွဲအဖြစ် မြန်မာအမျိုးသမီးအသင်းနဲ့ ဗီယက်နမ်အမျိုးသမီးအသင်းတို့ ဆီးဂိမ်းစ်ဗိုလ်လုပွဲကန်ရာမှာ MT News Entertainment ကလည်း အနိုင်ရမဲ့အသင်းနဲ့ ဂိုးရလဒ်ကို ခန့်မှန်းစေခဲ့ပြီး ပထမဆုံးမှန်ကန်သူကို ဆုငွေ ကျပ် ၅၀၀၀၀ ချီးမြှင့်မယ်လို့ ကြေညာခဲ့ပါတယ်။
MT News Entertainment က စီစဥ်တဲ့ ဆီးဂိမ်းစ် အမျိုးသမီးဗိုလ်လုပွဲမှာ ခန့်မှန်းမှူအဖြေမှန်က
အနိုင်ရမည့် အသင်း “ဗီယက်နမ်”
ဂိုးရလဒ် “မြန်မာ ၀ – ၂ ဗီယက်နမ်” ဖြစ်ပြီး
ဒီအဖြေမှန်ကို အစောဆုံးနဲ့ အပြည့်စုံဆုံးမှန်ကန်သူလေးဦး တွေ့ရှိခဲ့ပါတယ်။
ဒီ လေးဦးမှာ “Nay Min” အကောင့်ပိုင်ရှင်က ၂ နာရီ ၃၂ မိနစ်မှာ ခန့်မှန်းခဲ့တာဖြစ်ပြီး ” Patrick Hook အကောင့်ပိုင်ရှင်က ၂ နာရီ မိနစ် ၄၀ မှာ ခန့်မှန်းဖြေဆိုခဲ့ပါတယ်။ “Ko Yan Naung” အကောင့်ပိုင်ရှင်က ၂ နာရီ ၄၄ မိနစ်နဲ့ ” Kyaw Kyaw Htoo” အကောင့်ပိုင်ရှင်က ၂ နာရီ ၄၇ မိနစ်မှာ ခန့်မှန်းခဲ့တာဖြစ်လို့ MT News Entertainment ရဲ့ ခန့်မှန်းပြိုင်ပွဲမှာ အစောဆုံး ခန့်မှန်းပြီး ပထမဆုံး အဖြေမှန်သူ “Nay Min” အကောင့်ပိုင်ရှင်က ကျပ် ၅၀၀၀၀ ဆုရရှိမှာဖြစ်ပါတယ်။
ခန့်မှန်းပြိုင်ပွဲ အဖြေမှန်သူအားလုံးနဲ့ ပါဝင်ယှဥ်ပြိုင်သူအားလုံးကို ကျေးဇူးအထူးတင်ပါကြောင်းနဲ့ နောက်တစ်ကြိမ်တွေမှာ ကံထူးကြပါစေလို့လည်း MT News Entertainment က ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
ကျပ် ၅၀၀၀၀ ဆုရရှိသူ ကို Nay Min အနေနဲ့လည်း ဒီပို့စ်တင်ပြီးချိန်ကစပြီး ပိုစ့်ရှဲထားကြောင်း Ss၊ K Pay နံပါတ်၊ K Pay အကောင့်နာမည်တွေကို MT News Entertainment ရဲ့ Message Box မှာ ပေးပို့ပြီး ဆုငွေထုတ်ယူနိုင်ပြီဖြစ်ပါတယ်။
MtnewsEntertainmentရခန့်မှန်းပြိုင်ပွဲမူရင်းပိုစ့်ဖတ်ရန်
အယ်ဒီတာအဖွဲ့
MT News Entertainment