MT News
Written By Thandar
“အိမ်ထောင်” ဇာတ်လမ်းတွဲမှာ ဦးကောင်းခနေရာက ပီပြင်စွာ သရုပ်ဆောင်ခဲ့တဲ့ ဒေါင်းဝေကတော့ အချစ်အတွက် Suicide လုပ်ကြတဲ့အပေါ် “ကိုယ်တိုင်ဆိုလည်း Suicide လုပ်မိမှာပဲ ခဏလေး ဆိုပေမယ့် အဲဒီ့စိတ်ခံစားချက်က လောကကြီးကနေ ချက်ချင်းပျောက်ကွယ်သွားချင်တာမျိုးဖြစ်မှာပါပဲ”လို့ ဆိုပါတယ်။
“၂၀၁၅ ခုနှစ်က ကိစ္စက တိုက်ဆိုင်မှုတစ်ခုပဲ နေမှာပါ။ ကိုယ်တောင်မသိဘူး။ ငါ့လည်းပြောကြပါဦး။ ခဏ အိပ်ပျော်သွားတယ်။ နောက်မှ အပြင်မှာတကယ်ရှိခဲ့ပါလားလို့ အကိုတောင် စွံ့အသွားခဲ့တယ်။ ချောရတနာ နေရာဆိုရင် ကိုယ်တိုင်ဆိုလည်း လုပ်မိမှာပဲ။ ကိုယ်မြတ်နိုးတန်ဖိုးထားရတာ တစ်ခု။ ကိုယ့်ရဲ့ဘဝကြီးလို့ သတ်မှတ်ထားတဲ့ အရာတစ်ခု ဆုံးရှုံးသွားသူရဲ့ ခံစားချက်ကို နားလည်တယ်။ ကိုယ်ချင်းလည်း စာတယ်။ ကိုယ်တိုင်ဆိုလည်း Suicide လုပ်မိမှာပဲ။ စိတ်ခံစားမှုပါပဲ။ ခဏလေးဆိုပေမယ့် အဲဒီ့စိတ်ခံစားချက်က လောကကြီးကနေ ချက်ချင်းပျောက် ကွယ်သွားချင်တာမျိုး ဖြစ်မှာပါပဲ။ ကိုယ်လည်း အသည်း ၂ ခါ ကွဲဖူးတယ်။ တစ်ခါတလေ ဇာတ်ကားထဲကလို ဖြစ်ဖြစ် သေသေဆို လုပ်ချင်မိတာရှိတယ်။ နောက်မှ ငါ့ဖထီးရှိသေးတာပဲ ပြန်တွေးရတယ်။ ငါ့ ပရိသတ်တွေ ရှိသေးတာပဲလို့ စိတ်ကိုထိန်းရတယ်။ စိတ်မထိန်းနိုင်ရင်တော့ လွတ်ထွက်သွားတာပါပဲလေ” လို့ သရုပ်ဆောင်ဒေါင်းဝေက ပြောပါတယ်။
ဒေါင်းဝေဟာ အိမ်ထောင်ဇာတ်လမ်းတွဲမှာ မာယုသာရဲ့ ခင်ပွန်း မေတိုးခိုင်ရဲ့ ဖခင်နေရာက ပီပြင်အောင် သရုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ အိမ်ထောင်ကားက အရမ်းကို လောင်ရတဲ့ ဇာတ်ဝင်ခန်းတွေ အများကြီး ပါဝင်နေတယ်လို့ သိရပါတယ်။ ဒေါင်းဝေက လူပျိုကြီးတစ်ယောက်ဖြစ်ပေမယ့် အိမ်ထောင်သည် ဇာတ်ရုပ်တွေကိုပဲ အခုနောက်ပိုင်း ငှားရမ်းတာများလာတယ်လို့ ဆိုပါတယ်။
“ကျွန်တော်က လူပျို Single ပါလို့ ခဏခဏလည်း စျေးဗန်းခင်းရတယ်။ တချို့က ကလေး ဘယ်နှစ်ယောက်ရှိလဲ အမြဲမေးခံရတယ်။ ရည်းစားတောင် မရှိတာပါ။ အကိုက ကလေးအဖေနဲ့တူနေလို့ ဆိုတာရှိသေးတယ်။ ကလေးအဖေ အခန်းတွေ၊ အိမ်ထောင်သည်တွေ ရိုက်တာများတော့ ကလေးအဖေလို ထင်နေကြတာပါ”လို့ သူကဆက်ပြောပါတယ်။
ဒေါင်းဝေဟာ “တဦးတနှောင်း”ဇာတ်လမ်းတွဲမှာလည်း ပရိသတ်အတွဲညီညီတွေ့မြင်ခဲ့တဲ့ သရုပ်ဆောင် မာယုသာနဲ့အတူ အိမ်ထောင်သည်နေရာက ထပ်မံမြင်တွေ့ရမှာပဲဖြစ်တယ်လို့ ဆိုပါတယ်။